September 09, 2007

Dream 2

ခေါင်းစဉ်မရှိသော

ညီမလေးပုံပြင်ကို ငါမသိပါဘူး
ဒါပေမယ့် အလွမ်းတွေတော့ လွင့်လွင့်လာတယ်။

ညီမလေးက ပျော်ရွှင်စေတတ်တဲ့ Hamster လေးဆို
ငါက သစစြာရှိတဲ့ ခွေးတစ်ကောင်ပဲ ဖြစ်ချင်တယ်။

ညီမလေးက ပြုစားတတ်တဲ့ စုန်းဆို
ငါက မီးခွက်စောင့်ဘီလူးပဲ ဖြစ်ချင်တယ်။

သူ့နှုတ်ခမ်းက ညီမလေးလို့ ဖွဖွရွတ်ချိန်မှာ
ငါ့နှလုံးသားက သူ့နာမည်ကို ညည်းတွားတယ်။

သူ့ရဲ့အိပ်ပျက်ညတွေနဲ့ ညီမလေးကဗျာတွေများလာချိန်မှာ
ငါက တဖက်သတ် အိမ်မက်ရှည်ရှည်တွေကို သိမ်းကျုံးမက်တယ်။

သူက ညီမလေးပုံပြင်ကို အသက်သွင်းလို့ ကောင်းတုန်းမှာ
ငါကတော့ ရင်ခုန်သံတွေကို သေဆုံးခိုင်းနေရတယ်။

ညီမလေးပုံပြင်ကို ငါမသိပါဘူး
ဒါပေမယ့် အလွမ်းတွေတော့ လွင့်လွင့်လာတယ်။

No comments: