September 04, 2007

ရင်ခုန်သံဒွိဟ

ရင်ခုန်သံဒွိဟ

ခေါင်းဖြီးဖို့နဲ့ဖိနပ်စီးဖို့၊
သြော်.... မဟုတ်ပါဘူး
နှလုံးသားကိုက နှစ်စုံဖြစ်နေတာ။

လောဘကြီးတာလား ?
အတ္တကြီးတာလား ?
အချစ် လို့ နာမည်တပ်ရမှာ အားနာစရာ။

ပုံပြောခဲ့တာ။
ဟင့်အင်း
ရင်ခုန်သံတစ်ခုစီက ၁၀၀% ပါ။

ထားခဲ့ကြမယ်။
ရပါတယ်
ငါ့အပြစ်နဲ့ငါပဲလေ။

နှလုံးသားတွေအတွက်
ကံကြမ္မာက
ခေါင်းပန်းလှန်ပေးမှာပါ။

ငါကတော့
ကဗျာဘွဲ့မှူးရဲ့ သီချင်းတစ်ပုဒ်ကိုပဲ
တရားခံရှာထားမယ်။ ။

No comments: