September 03, 2007

Break

လမ်းခွဲ

ပြီးခဲ့ပြီပဲ

လွမ်းမနေပါနဲ့။

မင်းအလွမ်းကြောင့်

ငါအသက်ရှုကျပ်တယ်။

ပြောပြနေစရာမလိုပါဘူး

ရင်ထဲရှိရုံနဲ့တင် ကျေနပ်တယ်။

သူ့အပြစ်

ကိုယ့်အပြစ်

ကံကြမ္မာလို့ပဲ ထားလိုက်ပါ။

ချစ်သူတိုင်းသာ ပျော်ကြရရင်

အလွမ်းသီချင်းတွေ နှမြောစရာ

ကိုယ်တို့ အနစ်နာခံလိုက်ကြရအောင်။



/* This is wirtten in my uni hons: life. */

No comments: