February 09, 2008

အမည်များနှင့်

လူနဲ့ သတ္တ၀ါတွေရဲ့ နာမည်တွေကို စိတ်ဝင်စားတတ်တဲ့လူတွေထဲမှာ ကျွန်မလည်းပါတယ်။ နာမည်တွေ၊ အခေါ်အဝေါ်တွေက ပညတ်တွေပါ၊ ဘာညာ၊ ဘယ်လိုပဲပြောကြပြောကြ။ ကျွန်မကတော့ နာမည်တွေ?ကို စိတ်ဝင်စားတယ်။ လူတစ်ယောက်နဲ့တွေ့ရင် သူ့နာမည်က ဘာများပါလိမ့်။ နာမည်တစ်ခုကြားရင် ဒီနာမည်ပိုင်ရှင်က ဘယ်လိုလေးများလဲ။ နာမည်လေးမှာ ရာဇ၀င်ရောရှိသေးလား။ နာမည်အပြည့်အစုံ သိရရင်လည်း အဖျားဆွတ်ခေါ်ရင် ဘယ်လိုခေါ်လဲ။ ငါသာဆို သူ့ကို ဘယ်လိုခေါ်မယ်။ နာမည်အတိုလေးတစ်ခု ကြားရင်လည်း ဒီနာမည်လေးအပြည့်အစုံက ဘာပါလိမ့်။ အဲဒီလို မေးခွန်းမျိုးတွေနဲ့ စပ်စပ်စုစုသိချင်တတ်တယ်။

အပြုအမူ၊ အနေအထိုင်၊ ပုံသဏ္ဌန်တွေကြောင့် အခေါ်ခံကြရတဲ့ နာမည်လေးတွေဆိုလည်း သဘောကျတယ်။ ဆိုးဆိုးကောင်းကောင်းပေါ့။ မွေးချင်းမောင်နှမတွေရဲ့ နာမည်တွေဆိုရင်လည်း ဆင်တူလေးတွေလား၊ ဘယ်လိုတူကြလဲ။ မေးကြည့်ရတာကလည်း စိတ်ဝင်စားစရာပဲလေ။ မြန်မာပြည်ထဲမှာရှိတဲ့ မြစ်တွေနာမည်တွေနဲ့ မောင်နှမတွေ။ ပန်းနာမည်တွေနဲ့ ညီအစ်မတွေ။ ရာသီဥတုနာမည်နဲ့ မောင်နှမတွေ။ ထူးထူးဆန်းဆန်းအဓိပ္ပါယ်နဲ့နာမည်ပိုင်ရှင် ညီအစ်ကိုတွေ။ အဲဒါတွေအပြင် ဘာမှမဆိုင်တဲ့ နာမည်တွေနဲ့မောင်နှမတွေလည်း အများကြီး။ မောင်နှမနာမည်တွေမေးကြည့်ပြီး၊ မတူတာများဆိုရင် "ဟင်.. တူလည်းမတူကြဘူး။" လို့ပြောမိရင် ဘာကြောင်တာလဲ ဆိုပြီး အကြည့်ခံရဖူးတာလည်း အမှတ်ကမရှိဘူး။ အေးလေ မတူလည်း ဘာဖြစ်လဲနော်။ တစ်ယောက်စီပဲဥစ္စာကို။ ဒါပေမယ့် ကျွန်မကတော့မရဘူး။ မောင်နှမတွေဆို နာမည်ဆင်မယ်ချည်းထင်တာကိုး။

တချို့မိဘတွေကလည်း ကိုယ့်သားသမီးကို မွေးစနာမည်ပေးကတည်းက တွက်ပြီးချက်ပြီး ပေးထားကြတာလေ။ ကျွန်မကျတော့ ဘာမှမတွက်ဘဲ၊ အင်္ဂါသမီးဆိုတာရယ်၊ ရှိပြီးသား အစ်ကိုနှစ်ယောက်နာမည်ရယ်ကို အခြေပြုပြီး ကျွန်မအဖေက မွေးပြီးချက်ချင်းအတည်ပြုလိုက်တဲ့ "ဆုဝေထွဏ်း" ဆိုတာ ခုထိကျွန်မပိုင်ဆိုင်ထားတဲ့ နာမည်ပဲလေ။ ကြိုက်လည်းကြိုက်ပါတယ်။ ဘယ်နေရာမှာမဆိုနာမည်အရင်းပဲသုံးဖြစ်တာများပါတယ်။ အသံထွက်အားဖြင့်တော့မကွာပေမယ့် ဆုဝေထွန်း ဆိုတာကိုရော စုဝေထွဏ်း ဆိုတာကိုရော၊ စုဝေထွန်း ဆိုတာကိုရော မကြိုက်ဘူး။ နာမည်မေးလို့ ပါးစပ်ကပြောရင် သေချာတယ် တခုခုတော့မှားတော့မယ်။ အဲဒီပြသနာတစ်ခုတော့ စိတ်ညစ်ပေမယ့် ကိုယ့်နာမည်ကိုယ်သဘောကျပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ သဘောကျကျ၊ ကျွန်မရဲ့ အလယ်တန်းကျောင်းသူဘ၀ကစပြီး၊ ဒီနာမည်အရင်းလေးမှေးမှန်ပြီး nick name တစ်ခုကထင်ရှားလာလိုက်တာ ခုထိပဲဆိုရမလိုပဲ။ (၇)တန်းကျောင်းသူဘ၀ 1997 ကနေစပြီး 2005 လောက်အထိဆို ဆရာ၊ ဆရာမတွေကအစ nick name ကိုပဲအခေါ်များလို့ "ဆုဝေထွဏ်း" လို့များခေါ်ရင် ကိုယ့်ကိုခေါ်မှန်း မေ့တောင်နေတတ်သေးတယ်။ ခုရန်ကုန်ရောက်ပြီးမှသာ နာမည်အရင်းက ပြန်အသက်ဝင်လာတာ။

ကိုယ့်ဘာသာ လှချင်လို့ လျှောက်မှည့်ထားတဲ့ နာမည်တွေထက်တော့ အလိုအလျောက်ရလာတဲ့ နာမည်တွေနဲ့ သူ့တို့ရဲ့ ရာဇ၀င်တွေကို ပိုစပ်စုချင်တယ်။
ကဲ. ထားပါတော့နော်။ ဒီ post ကိုဖတ်မိကြတဲ့သူတွေလည်း ထူးထူးဆန်းဆန်း နာမည်လေးများပိုင်ရင် ပြောပြခဲ့ကြပါဦး။ ရာဇ၀င်ရှိရင်လည်း ရာဇ၀င်နဲ့ပေါ့နော့။ လှလှပပ စိတ်ဝင်စားစရာ မောင်နှမနာမည်တွေ ရှိရင်လည်း သိချင်ပါတယ်။ လက်တို့လိုက်ပါဦး။

3 comments:

ဘလူးဖီးနစ် said...

ရှိပါ့ ဘလူးဖီးနစ် တဲ့ အဟိ

Unknown said...

yes!
i have a beautiful, very beautiful name "Nway Oo" @ "Pai Ket Ket".
Hee Hee Hee Hee ! U can contact me if u want beautiful name.

Ngu Wah said...

Hey!
Saya U Kyaw Win's children have beautiful names.The eldest is Ma Pwint Thit Nyein Chan, and then Ma Myoset Nyein Chan and the youngest is Mg Khunset Nyein Chan. U can ask Saya what are the mening of that names.Ok?