February 09, 2008

ဆံပင်ရှည်ထားခြင်းနှင့်ကျွန်မ


စိတ်ရှုပ်လာရင် အများဆုံးအပြစ်ပေးခံရတာကတော့ ဆံပင်ပါ။ အရင်ကလည်း စိတ်ရှုပ်လာတိုင်း ဆံပင်ညှပ်တယ်။ မွေးသမိခင်က ဆံပင်အတိုမုန်းတီးရေး။ မိန်းကလေးဆိုရင် ဆံပင်က အတိုဆုံး ပုခုံးလေးတော့ ထိနေမှဆိုတာမျိုး။ ကျွန်မကလည်း ဆံပင်အတိုကြိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးရှိလို့။ အနည်းဆုံး တစ်လတစ်ခါတော့ ဆံပင်ညှပ်ရတယ်။ ဒီတော့ အနည်းဆုံးတစ်လတစ်ခါတော့ နားပူတယ်။ ဒီကြားထဲ အမေရှေ့ခေါင်းမဖြီးရဲတဲ့ဒုက္ခ။ သူကလည်း ဒီဆံပင်ကို သတိထားမိတာနဲ့ စိတ်ကတိုရောလေ။ ဒီဒုက္ခကြီး မခံချင်တော့တာနဲ့ ပြီးပြီးရော ဆံပင်အရှည်ထားမယ်ဆိုပြီး၊ current condition က ဆံပင်အရှည်ထားနေသည် ဖြစ်လာတာပါ။ ခုတော့ ဒီဆံပင်က ပုခုံးထိလာပြီ မညီမညာနဲ့။ စိတ်ကရှုပ်လာတိုင်း သူ့ပဲအပြစ်မြင်တယ်။ ညှပ်လိုက်ပြန်ရင်လည်း မွေးမိခင်က စိတ်ဆင်းရဲဦးမယ်။ ခုလောလောဆယ် ဒီဒုက္ခကလည်း တော်တော်ကြီးတယ်။ လာလာရှုပ်နေတာကို သည်းမခံနိုင်တာနဲ့ ရသလောက်ကိုစုစည်းထားတာ အနောက်မှာ သေးသေးလေးရတယ်။ သူများမြင်ရင်တော့ ဟားစရာပဲ။ ဘယ်သူဘာပြောပြော ကိုယ်စိတ်မရှုပ်ဖို့ အရေးကြီးတယ်။ ပြသနာတစ်ခုအေးရော။
ဒါပေမယ့်.......... အမြဲတမ်းတော့ အတိုညှပ်ဖို့ အခွင့်အရေးကိုတော့ ချောင်းမြောင်းနေတာပါပဲ။

1 comment:

Unknown said...

hey!
U should deal with your mother and tell her how u feel on that hair clearly.For me, u are more lovely with short hair. The situation on you concern with only u. U should decide what u want.OK?
With Love,
Paiketket