ပန်းရောင်တိမ်တွေ က တဲ့
ငါ့ရဲ့တစ်ခုသောမွေးနေ့မှာ
Gemini born, အထူးသဖြင့် June 18 မွေးသူအတွက် အဆောင်ဆိုပြီး
key chain လေးတစ်ခု အမှတ်တမဲ့ နင်ပေးတယ်။
လိပ်တက်လာတဲ့ ရယ်သံတွေကို
အဖြူရောင်တောက်တောက်အပြုံးတစ်ခုနဲ့ဖုံး
မယုံပေမဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းအတွက်
အဲဒီအချိန်ကစပြီး ...
ငါ့ ကျောနောက်ကအိတ်တိုင်းမှာ
ငွေရောင်လက်လက်နဲ့ သူ့အတွက်
နေရာတစ်ခု အမြဲရှိခဲ့တယ်။
ညိုမှောင်မှောင် မိုးတွေရွာတဲ့
နောက်ဆုံးမှန်းမသိခဲ့တဲ့ နောက်ဆုံးနေ့က
နင့်ရဲ့ အကြည့်တစ်ချက်မှာ သူ ပါခဲ့လိမ့်မယ်။
အရောင်တွေ အစုံပြောင်းတတ်တဲ့ကောင်းကင်အောက်မှာ
ငွေရောင်တဖြည်းဖြည်းလွင့်သွားပေမယ့်
ဝမ်းနည်းတဲ့အချိန်မှာ လက်ဖ၀ါးထဲဆုပ်လျက်
ပျော်တဲ့အချိန်မှာ အေးစက်စက်အတွေ့နဲ့ပဲနွေးလျက်
ငါ့ ခံစားချက်အမျိုးမျိုးတို့ သိမ်းဆည်းရာ ပြတိုက်လေးဖြစ်လျက်
ပြန်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မြဲစေလျက်
သူ ... ငါ့နားမှာဝတ်ဖြည့်တယ်။
အရောင်တွေမရှိတဲ့ နေ့တစ်နေ့
ငါ့အရိပ်နဲ့ ငါလမ်းလျှောက်ရင်း
အကျင့်ပါနေတဲ့လက်က ကျောနောက်ဘက်ကိုအစမ်း
ဘယ်ဘက်ရင်ဘတ်က စူးခနဲ။
အယုံအကြည်မရှိပေမဲ့
သူနဲ့အတူ ငါ့ခံစားချက်အားလုံးပါသွားပြီးတဲ့ အဲဒီနေ့ကစ
ငါ ဖျားတယ်။
February 19, 2008
key chain
Subscribe to:
Post Comments (Atom)
3 comments:
i also feel sometimes like that.
but, u are lucky coz u got a present from----.
အရောင်တွေမရှိတဲ့ နေ့တစ်နေ့
ငါ့အရိပ်နဲ့ ငါလမ်းလျှောက်ရင်း
အကျင့်ပါနေတဲ့လက်က ကျောနောက်ဘက်ကိုအစမ်း
ဘယ်ဘက်ရင်ဘတ်က စူးခနဲ။
ကောင်းလိုက်တဲ့ အတွေးနဲ့ အရေး။ ကြိုက်ပါတယ် ...
ဆက်ရေးပါ....
ကိုလင်းဦးရေ
ကျေးဇူးပါ။
Post a Comment