အလွမ်းတဲ့ ...
သိမ်မွေ့တဲ့ မန္တန်တစ
နေညိုချိန် မင်းမျက်နှာလေးငေး ... လွမ်းရတာ
ပန်းကလေးကြိုးစားပမ်းစားပွင့်တာထက်
ပို အနုပညာဆန်ရဲ့ ။
ရင်ခြင်းအပ်
စီးမယ့်မြစ်နှစ်စင်း
မျက်ဝန်းတွေဖွင့်မဖတ်ဖြစ်လည်း
သူ့ရာသီနဲ့သူ
ပွင့်မယ်
မွှေးမယ်
အချိန်မှန် ...
နှလုံးသားနဲ့နမ်းမရတဲ့
ကမ္ဘာဦးဂီတမှာ
မပြောဖြစ်တဲ့ စကားလုံးတွေပါချင်ပါမယ်
ဘာမဟုတ်တဲ့ အကြည့်တချက်ပါချင်ပါမယ်
သနပ်ခါးရနံ့ပြယ်တဲ့ ပါးပြင်လေးပါချင်ပါမယ်။
အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တင့်တယ်တယ်
သူ့ ငယ်နာမည်က အချစ် တဲ့။
နှလုံးသားကို လည်တိုင်မှာဆင်မြန်းပါ။
သစ္စာတရားကို ဘယ်ဘက်လက်သူကြွယ်မှာဝတ်ဆင်ပါ။
ဒီတသက်.. စွယ်တော်ရွက်လို
စိတ်ချလက်ချနေချင်တယ်
နင်နဲ့ငါ
ရှင်ကွဲမကွဲကြေး ။ ။
/* ဒီကဗျာက ကျွန်မရေးတာမဟုတ်ဘူးနော်။ မဂ္ဂဇင်းတစ်ခုထဲကနဲ့တူပါတယ်။ */
February 19, 2008
မှတ်တမ်း
Subscribe to:
Post Comments (Atom)
1 comment:
hey!
don't miss anymore!!!!!!!!!!!
did u write that? i don't like.
urs
Post a Comment