February 09, 2008

Current Dairy

ခုတလော စိတ်ဓာတ်ရေးရာလေးချို့တဲ့နေလို့ ဘာမှမရေးဖြစ်ဘူး ဖြစ်နေတယ်။ ပြီးခဲ့တဲ့ 2007 အတွင်းမှာ စိတ်ရှုပ်စရာတွေချည်းကြုံခဲ့ရတယ်။ ဒီတော့ 2008 လေးကိုတော့ မျှော်လင့်မိတယ်ပေါ့။ စစချင်းဆောက်နဲ့ထွင်းသလို ၄လလောက်စိတ်ကူးပြီး မျှော်လင့်ထားတာလေးက ရေစုန်မျောသွားတော့ နည်းနည်းတော့ ထိတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ။ ကိုယ်အသုံးမကျလို့ ဆိုတာသိတော့လည်း ဘာလုပ်ရမှာလဲနော့။ 2007အစကနေခုထိ ဘာမှမတိုးတက်လာသလို နဂိုရှိရင်းစွဲတွေတောင် ကျသွားတာတော့ မပြောနဲ့လေ။ ကိုယ်ကိုယ်တိုင်ရဲ့ လုံ့လ၊ ၀ီရိယ တွေကလည်း zero ကိုး။ ဘ၀တလျှောက်လုံး ဘယ်ဟာကိုမဆို အသည်းအသန်၊ အိပ်ပျက်ခံကြိုးစားဖူးတယ်ဆိုတာမရှိပေမဲ့ အထိုက်အလျောက်တော့ အချိန်ပေး၊ အာရုံစိုက်ခဲ့တာချည်းပဲ။ ကျောင်းပြီးတဲ့ နောက်ပိုင်း 2006 Oct လောက်ကစပြီး၊ ဘာလုပ်လုပ် ပေါ့ပေါ့လေးလုပ်တတ်တဲ့အကျင့်၊ စိတ်နဲ့ပဲကြိုးစားပြီး လူကနောက်ကမလိုက်တဲ့အကျင့်တွေ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတော့ဘူး။ ပျင်းတတ်လာတာလည်း အလွန်အကျွံ။ ဒီတော့ ခုထိဆို တဖြည်းဖြည်းနဲ့ ပျင်းရာကနေ ဖျင်းလာတာ ဆန်းမယ်တော့မထင်ဘူး။ လောကကြီး မတရားဘူးလို့လည်း မထင်ပါဘူး။

ဒီ blog ကိုလည်း လာလာဖတ်ကြတဲ့ လူအားလုံးကို ကျေးဇူးလည်းတင်၊ အားလည်းနာပါတယ်။ ဘာမှထူးထူးခြားခြား မတင်ဖြစ်တော့လေ။ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ စိတ်ညစ်စရာချည်းပဲ တွေ့နေတယ်လို့ ပြောကြမယ် ထင်တယ်။ အားနာပါတယ်။ တကယ်ကို အားနာပါတယ်။

2 comments:

ဘလူးဖီးနစ် said...

ညီမလေးရေ တစ်ခုခု အဆင်မပြေဖြစ်ရင်တောင် သင်ခန်းစာရအောင်ယူတတ်ရင် အရှုံးထဲက အမြတ် ပါပဲကွာ။ အက်ဒီဆင်တောင် မီးလုံးကို လုပ်တုန်းက အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရတာ။ တစ်ကယ်လို့ တစ်ခါ၊ နှစ်ခါနဲ့ သာ အရှုံးပေးလိုက်ရင် အကိုတို့ ညီမလေးတို့ မှောင်ထဲမှာ နေကြရဦးမှာလေ။ အဆင်မပြေရင် နောက်ထပ် နည်းလမ်းရှာ ပြီး တစ်ခုခုကို ဖြစ်အောင်လုပ်ပါကွာ။ အဆင်ပြေသွားမှာပါ ညီမလေးရေ

Ngu Wah said...

Hsu Lay!
Blue Phoenix is right.
Plz, made your decision by your mind and your head.
Whatever u think and u decide, u are always right.
with love,
Ngu Wah