ပြသနာ
ပြောသားပဲ
ကျုပ်အရပ်က ပုပု
ခင်ဗျားထုတဲ့ခုံက ခြေတံရှည်
ထိုင်စေဆိုတော့
ဖ၀ါးက ကြမ်းပြင်နဲ့မထိ
အောက်ခြေလွတ်တယ်လို့
ကျုပ်ကို မရိနဲ့။
ဘာမှမပါတဲ့တောင်း
ခါးစောင်းမှာဆင်
" အလွန်လေးပင်သောအိုက်တင်နဲ့ မ" တဲ့
ကျုပ်ကို သင်ပြ
တကယ့်ကို ဂွကျရော။
ပြိုင်ဆိုင်ဖို့ စိတ်မ၀င်စားတတ်တဲ့
ဇာတ်လိုက်ကို ငှား
ခဏခဏ စိမ်ခေါ်ခံရတဲ့
ရိုက်ကွက်တွေက များ
မသိဆိုးရွား
ဒါရိုက်တာကြီးကပဲ မဟန်တာလား
ဇာတ်လိုက် နာမည်ပျက်ဖို့ပဲ ဖန်တာလား။ ။
မိကောက်
/* ဒီကဗျာလေးကတော့ ကျွန်မရဲ့ လူဆိုး၀၀ကြီးက အကြိုက်ဆုံးတဲ့။ တင်ပေးရမယ်တဲ့လေ။ ကိုယ်ကြိုက်တဲ့ ကဗျာတွေမတင်ခင် တင်ပေးလိုက်တယ်။ နှိပ်စက်မှာစိုးလို့ပါ။ */
February 15, 2008
ပြသနာ (မိကောက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment