November 25, 2008

Current

ခုနောက်ပိုင်း blog တွေကို Google Reader နဲ့ပဲ ဖတ်ဖြစ်နေတယ်။ အကြောင်းက ရုံးမှာပဲ သုံးဖြစ်လို့ပါ။ အင်တာနက်ဆိုင်ကို သွားဖို့အချိန်မရှိတာလည်း တကြောင်းပါ။ Google reader နဲ့ဖတ်တော့ ဘာဖြစ်လဲ။ အိမ်အလည်တော့ ရောက်ပါရဲ့ အပေါက်ဝက ချောင်းပြီး ပြန်ထွက်လာသလိုပါပဲ။ comment လည်းရေးလို့မရဘူး။ cbox မှာလည်း နှုတ်ဆက်လို့မရဘူး။ ဘယ်တတ်နိုင်မလဲနော့။ ဖတ်လို့ရတာပဲ ကျေးဇူးတင်ရဦးမယ်။

Post တင်ရင်လည်း mail ကနေပဲ တင်ဖြစ်တော့တယ်။ ကိုယ့်အိမ်ထဲကိုယ် အိမ်ရှေ့က မ၀င်ဖြစ်တာတောင်ကြာပြီ။ အမြဲတမ်း နောက်ဖေးပေါက်ကချည်းဝင်နေရတယ်။

သူများအိမ်အလည် အရောက်နည်းတော့ ကိုယ့်အိမ်လည်း ဧည့်သည်ပါးရှားပါတယ်။ စိတ်ဝင်စားစရာ ပို့စ်ဆိုလို့လည်း မရှိသလောက်။ ဖုံတွေတက်လိုက်။ အားရင် ပြန်ခါလိုက်။ ဟောဒီခြောက်ကပ်ကပ်အိမ်လေးကပဲ ကျွန်မရဲ့ Dairy ဖြစ်ပါတယ်။ ခံစားမှုများ သိမ်းဆည်းရာ ဖြစ်ပါတယ်။ ကျွန်မအတွက်တော့ ဒီအိမ်လေးရဲ့တည်ရှိမှုဟာ အရေးပါလှပါတယ်။ ဒီအိမ်လေးအကြောင်းပြုပြီး ရခဲ့တဲ့ အသိမိတ်ဆွေတွေ၊ စိတ်ခံစားမှုတွေ။

ဘာပဲဖြစ်ဖြစ်ပါ ဒီလိုလေးသွားရင်းနဲ့ပဲ။

2 comments:

MrDBA said...

အိမ်ရှေ့ကလာဖတ်သွားတယ်။ သြော် ဖုန်ပါကူလှည်းပေးသွားတယ်။ သိပ်မများပါဘူး။ ရေးနေဖို့က ကိုယ့်တာဝန်ဘဲ။ နောက်လူများလာရင် တစ်မျိုးပင်ပန်းဦးမယ်။ ကြိုးစားထား။

Anonymous said...

စာဂျပိုးလေးရဲ့အိမ်ကိုလာပြီး ကြည့်သွားတယ်။း)