November 09, 2008

ခံစစ်


လက်ရည်လည်း မတူနိုင်ဘူး
သူ့လက်နက်လည်း ကြိုမသိဘူး
အလံဖြူလည်း ပြထားပါတယ်။

စိတ်ထားကောင်းရင် ကံကောင်းတယ် တဲ့
ဒီအဆောင်လေးလည်း ဆောင်ထားပါတယ်။

မနိုင် နိုင်ပါဘူး။
လဲမကျသေးသမျှ ဟန်ကိုယ်ဖို့
ခါးလေးတော့ ထောက်ထားတယ်။

3 comments:

khin oo may said...

kom: တို့လဲ အနောက်ကနေ ထောက်ပေးထားတယ်။ ဘာမှ အားမငယ်နဲ့။

ဟန်လင်းထွန်း said...

ဟုတ်တယ် လဲမကျခင်တော့ ထောက်ထားပေါ့ နော်

Anonymous said...

"ပူပေါင်းစစ်ဆင်ရေးဆီသို့"


သင်္ကြန်အမြောက်ပါမေရယ်
အသံနဲ့တင်ချောက်ခါ
ကျည်စယ်ရုံမှတပါး…
ထား…,မောင်ကြီးမှာလေ…
အခြားခြားသော
ရည်ရွယ်ချက်မျိုးမရှိပါ၍…
ခါးကလေးအစား
ခြေဖျားထောက်
အလှမ်းဝေးတဲ့ ဒို့ နှစ်ယောက်
အနေနီးစေဖို့
“……”ပေးရင်းကြိုလင့်ပါလို့