October 15, 2008
July 06, 2008
I am a Bad Listener
You Are a Bad Listener
Let's be honest, what you really get out of conversations is listening to yourself talk.
But listening to other people? Not so much!
And while you may be much more interesting than the people you talk to, it wouldn't hurt to show some interest.
People will stop listening to you once they figure out you're not listening to them
သူငယ်ချင်းတို့်လည်း စမ်းကြည့်ကြပါဦး။ Are You a Good Listener?
Posted by
Prizewai
at
2:47 PM
2
comments
ံMy Independent level
Your Independence Level: Medium
In some aspects of your life, you can be very self reliant.
Making your own informed choices feels great.
But you aren't as independent as you could be.
When things get stressful, you sometimes run away from the hard decisions you need to make.
Posted by
Prizewai
at
2:32 PM
1 comments
June 14, 2008
စိတ်ရှုပ်တဲ့အခါ
စိတ်ရှုပ်တဲ့အခါ ...
- လမ်းပိုလျှောက်သည်။ (လျှောက်စရာမရှိ ရှာကြံကို လျှောက်သည်။)
- ပိုအိပ်သည်။ (မျက်လုံးက မအိပ်ချင်ရင်တောင် ကြိတ်မှိတ်အိပ်သည်။)
- ပိုတွေးသည်။ (ဟုတ်တာရော။ မဟုတ်တာရော။ ဖြစ်နိုင်တာရော။ မဖြစ်နိုင်တာရော။)
Posted by
Prizewai
at
5:35 PM
0
comments
Labels: idea
February 09, 2008
အမည်များနှင့်
အပြုအမူ၊ အနေအထိုင်၊ ပုံသဏ္ဌန်တွေကြောင့် အခေါ်ခံကြရတဲ့ နာမည်လေးတွေဆိုလည်း သဘောကျတယ်။ ဆိုးဆိုးကောင်းကောင်းပေါ့။ မွေးချင်းမောင်နှမတွေရဲ့ နာမည်တွေဆိုရင်လည်း ဆင်တူလေးတွေလား၊ ဘယ်လိုတူကြလဲ။ မေးကြည့်ရတာကလည်း စိတ်ဝင်စားစရာပဲလေ။ မြန်မာပြည်ထဲမှာရှိတဲ့ မြစ်တွေနာမည်တွေနဲ့ မောင်နှမတွေ။ ပန်းနာမည်တွေနဲ့ ညီအစ်မတွေ။ ရာသီဥတုနာမည်နဲ့ မောင်နှမတွေ။ ထူးထူးဆန်းဆန်းအဓိပ္ပါယ်နဲ့နာမည်ပိုင်ရှင် ညီအစ်ကိုတွေ။ အဲဒါတွေအပြင် ဘာမှမဆိုင်တဲ့ နာမည်တွေနဲ့မောင်နှမတွေလည်း အများကြီး။ မောင်နှမနာမည်တွေမေးကြည့်ပြီး၊ မတူတာများဆိုရင် "ဟင်.. တူလည်းမတူကြဘူး။" လို့ပြောမိရင် ဘာကြောင်တာလဲ ဆိုပြီး အကြည့်ခံရဖူးတာလည်း အမှတ်ကမရှိဘူး။ အေးလေ မတူလည်း ဘာဖြစ်လဲနော်။ တစ်ယောက်စီပဲဥစ္စာကို။ ဒါပေမယ့် ကျွန်မကတော့မရဘူး။ မောင်နှမတွေဆို နာမည်ဆင်မယ်ချည်းထင်တာကိုး။
တချို့မိဘတွေကလည်း ကိုယ့်သားသမီးကို မွေးစနာမည်ပေးကတည်းက တွက်ပြီးချက်ပြီး ပေးထားကြတာလေ။ ကျွန်မကျတော့ ဘာမှမတွက်ဘဲ၊ အင်္ဂါသမီးဆိုတာရယ်၊ ရှိပြီးသား အစ်ကိုနှစ်ယောက်နာမည်ရယ်ကို အခြေပြုပြီး ကျွန်မအဖေက မွေးပြီးချက်ချင်းအတည်ပြုလိုက်တဲ့ "ဆုဝေထွဏ်း" ဆိုတာ ခုထိကျွန်မပိုင်ဆိုင်ထားတဲ့ နာမည်ပဲလေ။ ကြိုက်လည်းကြိုက်ပါတယ်။ ဘယ်နေရာမှာမဆိုနာမည်အရင်းပဲသုံးဖြစ်တာများပါတယ်။ အသံထွက်အားဖြင့်တော့မကွာပေမယ့် ဆုဝေထွန်း ဆိုတာကိုရော စုဝေထွဏ်း ဆိုတာကိုရော၊ စုဝေထွန်း ဆိုတာကိုရော မကြိုက်ဘူး။ နာမည်မေးလို့ ပါးစပ်ကပြောရင် သေချာတယ် တခုခုတော့မှားတော့မယ်။ အဲဒီပြသနာတစ်ခုတော့ စိတ်ညစ်ပေမယ့် ကိုယ့်နာမည်ကိုယ်သဘောကျပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ သဘောကျကျ၊ ကျွန်မရဲ့ အလယ်တန်းကျောင်းသူဘ၀ကစပြီး၊ ဒီနာမည်အရင်းလေးမှေးမှန်ပြီး nick name တစ်ခုကထင်ရှားလာလိုက်တာ ခုထိပဲဆိုရမလိုပဲ။ (၇)တန်းကျောင်းသူဘ၀ 1997 ကနေစပြီး 2005 လောက်အထိဆို ဆရာ၊ ဆရာမတွေကအစ nick name ကိုပဲအခေါ်များလို့ "ဆုဝေထွဏ်း" လို့များခေါ်ရင် ကိုယ့်ကိုခေါ်မှန်း မေ့တောင်နေတတ်သေးတယ်။ ခုရန်ကုန်ရောက်ပြီးမှသာ နာမည်အရင်းက ပြန်အသက်ဝင်လာတာ။
ကိုယ့်ဘာသာ လှချင်လို့ လျှောက်မှည့်ထားတဲ့ နာမည်တွေထက်တော့ အလိုအလျောက်ရလာတဲ့ နာမည်တွေနဲ့ သူ့တို့ရဲ့ ရာဇ၀င်တွေကို ပိုစပ်စုချင်တယ်။
ကဲ. ထားပါတော့နော်။ ဒီ post ကိုဖတ်မိကြတဲ့သူတွေလည်း ထူးထူးဆန်းဆန်း နာမည်လေးများပိုင်ရင် ပြောပြခဲ့ကြပါဦး။ ရာဇ၀င်ရှိရင်လည်း ရာဇ၀င်နဲ့ပေါ့နော့။ လှလှပပ စိတ်ဝင်စားစရာ မောင်နှမနာမည်တွေ ရှိရင်လည်း သိချင်ပါတယ်။ လက်တို့လိုက်ပါဦး။
Posted by
Prizewai
at
3:07 PM
3
comments
Labels: idea
January 01, 2008
Welcome 2008
Happy new year 2008.
I hope many surprise in this year.
Posted by
Prizewai
at
6:38 PM
0
comments
Labels: idea
September 21, 2007
present from...
1 + 1 = 2 eyes are looking for you.
4 + 1 = 5 senses missing you.
12 + 12 = 24 hours thinking of you.
3+ 4 = 7 days care about you.
1 + 11 = 12 months take care, I love you.
/* ကြာပါပြီ။ သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာ။ သူဘယ်ကနေ ရသလဲတော့ မသိဘူး။ စာကြောင်းလေးတွေက ချစ်စရာကောင်းလို့။ */
Posted by
Prizewai
at
5:12 PM
1 comments
Labels: idea
မှန်နေပါသော်လည်း
Posted by
Prizewai
at
5:05 PM
1 comments
September 03, 2007
Intro
ဒီ Blog လေးကတော့ ပထမဆုံးရေးဖြစ်တဲ့ Blog လေးပါပဲ။ ဒီလိုရေးချင်တာတော့ ကြာခဲ့ပါပြီ။ ခုမှသာ ရုပ်လုံးပေါ်လာ တာပါ။ ကျေးဇူးတင်ရမယ့်သူတွေကတော့ ကျွန်မဖတ်မိတဲ့ Blog တိုင်းက Blogger တွေပဲပေါ့။ နောက် Why do we blog Seminar ပါ။ (နောက် သိပ်မရင်းနှီးပေမဲ့ ကျွန်မ အားမနာ ပါးမနာ ဒုက္ခပေးနေတာကို မဆီမဆိုင်ခံနေရတဲ့ အစ်ကိုတစ်ယောက်ကိုလည်း ကျေးဇူးအထူးတင် ရမှာပါ။)
တကယ်တမ်းတော့ ကျွန်မက သာမန် user တစ်ယောက်ပါပဲ။ Internet ကိုတောင်သုံးဖြစ်တာ မကြာသေးပါဘူး။ Technical ပိုင်းလည်း နားမလည်၊ Software တွေအကြောင်းလည်းမသိ၊ ဘာမှလည်းမတတ်တော့ ဘာကိုရေးရမယ်ဆိုတာတောင် မသိပါဘူး။ Zawgyi keyboard Installer ကိုတောင် လွန်ခဲ့တဲ့ တစ်လလောက်ကမှ စမ်းတ၀ါးဝါးသိလာတာပါ။
ကဲ… ဒီတော့ ကျွန်မ ဘာတွေရေးမလဲ။ ခံစားချက်တွေ၊ စိတ်ကူးတွေကိုပဲ dairy သဘောမျိုးလေးရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မကိုယ်ကျွန်မလည်း Challenge လုပ်ထားပါတယ်။ ကျွန်မရဲ့ တိုးတက်မှုကိုပေါ့။ ဒီBlog လေးကို လာဖတ်တဲ့သူ တခုခုရသွားဖို့ အတွက်ဆိုရင် ကျွန်မ ကိုယ်တိုင် အများကြီးလေ့လာရမယ်လေ။ ဘယ်လောက်တိုးတက် လာမလဲ ဆိုတာ ကျွန်မကိုယ်ကျွန်မ စောင့်ကြည့်ချင်ပါတယ်။
ဒီနှစ် (2007) မှာ ကျွန်မ စိတ်ဓာတ်တွေတော်တော်ကျနေပါတယ်။ ကျွန်မအတွက် ကံမကောင်းတဲ့ နှစ်တစ်နှစ် လို့ဆိုရမှာပေါ့။ စာအုပ်ဖတ်ရင်တောင် ခေါင်းထဲဘာမှမ၀င်ပါဘူး။ ဒါ negative အခြေအနေဆိုတာ ကျွန်မသိပါတယ်။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မ ကြိုးစားနေပါတယ်။ ဒီ Blog ဟာ လည်း ကျွန်မကြိုးစားမှု တစ်ခုလို့ ပြောလို့ရပါတယ်။
ကျွန်မရဲ့ Internet သုံးချိန်ဟာ တစ်လမှာ နာရီ(၂၀)ထက် မပိုတာမို့လို့ နေ့တိုင်း Update မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။
Posted by
Prizewai
at
6:31 PM
0
comments