December 15, 2008

BOB ခံစားမှု

ကျွန်မတို့ရဲ့ Hero လေးဖြူ ရဲ့ ဘင်္ဂလားပင်လယ်အော် ဆိုတဲ့ တေးစီးရီးအသစ်ထွက်ရှိခဲ့ပါပြီ။ တေးရေးတွေကတော့ မောင်မောင်ဇော်လတ်၊ ရယ်ဂျီ၊ လင်းလင်း နဲ့ နောနော် တို့ ဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေကတော့ -

01 တစ်ယောက်ထဲနဲ့

02 ငါ့ရဲ့လမင်း

03 ၀ိရောဓိ

04 အလဲအကွဲ

05 ကစဥ့်ကလျားသီအိုရီ

06 ပြန်ခဲ့ပါ

07 သံယောဇဉ်

08 မိုးတိမ်ထဲဝဲ

09 မလုပ်နဲ့

10 အရင်လိုပါပဲ

11 အလွမ်း

12 ဒါလီနေ့

13 စာမျက်နှာ ၁၅

 

ကောင်းမကောင်းက ပြောစရာကိုမလိုပါဘူး။ နားထောင်ပြီးကြပြီး ဖြစ်မှာပါ။

ကျွန်မအတွက်ကတော့ အကြိုက်ဆုံးက အလဲအကွဲ။ စိတ်နာနာနဲ့ ဆိုလိုကောင်းမယ့် သီချင်းမျိုးပေါ့။

နောက် သံယောဇဉ်။ ခပ်မြုးမြူးနဲ့ show ပွဲမှာ ဆိုလို့ကောင်းမယ်ထင်တယ်။

စိတ်ခံစားမှုနဲ့ အတိုက်ဆိုင်ဆုံးကတော့ အရင်လိုပါပဲ။  ………………ဒီကမ္ဘာမှာ ငါ့အတွက်က မျှော်လင့်သမျှဟာ နောက်ဆုံးမှာ သူ့အတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း……….…   ။ နေ့တိုင်းနားထောင်ဖြစ်မယ့် သီချင်းတစ်ပုဒ်ပါပဲ။

နောက်ဆုံးတစ်ပုဒ်ကလည်း တော်တော်လေးကို ကြိုက်ပါတယ်။ စာမျက်နှာ ၁၅…….ဘယ်ဆီကိုမင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ။ ဘယ်သူနဲ့မင်းရှိနေမလဲ။ တွေးမိပါတယ်။ လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်…………..

ကဲ နားမထောင်ရသေးတဲ့သူ ရှိရင်လည်း နားထောင်ကြည့်ပါဦး။

2 comments:

နွေဆူးလင်္ကာ said...

ကျွန်တော်ကတော့ ၀ိရောဓိ ကို အကြိုက်ဆုံးပဲ။

Anonymous said...

စာမျက်နှာ ၁၅ ကတော့ ကျွန်တော့်ကိုစောင်းရေးထားသလား မှတ်ရတယ်.. ဒီတစ်ခေါက် ကိုလေးဖြူနဲ့တွေ့မှ မေးရဦးမယ်ဗျို့.. :D