My Web My Style ဆိုတဲ့ပြိုင်ပွဲ၊ ပြပွဲလေးကို ဒီနေ့ MICT မှာပြုလုပ်ခဲ့ပါတယ်။ ကိုဘလာဂေါက်ဦးစီးတဲ့ တကိုယ်ရေအင်တာနက်စာမျက်နှာများပြပွဲဆိုတာပါ။ ပြိုင်ပွဲဝင်ဆိုဒ်တွေထဲက နောက်ဆုံး စကာတင်ဆိုဒ် 15ခုကို ပြထားပြီး ပရိသတ်တွေရဲ့မဲစနစ်နဲ့ဆုပေးပါတယ်။ ပရိသတ်အကြိုက်ဆုံးဆုရသွားသူကတော့ ကိုမျက်လုံး၊ ဒုတိယက ကိုမောင်လှ၊ တတိယက 969 က မောင်ခပါ။ ပွဲအကြောင်းကိုတော့ မယမင်းရဲ့ ရွှေမြန်မာ မှာလည်းဖတ်ကြည့်နိုင်ပါတယ်။
အဓိကရေးချင်တာက ဒီနေ့အရမ်းပျော်တဲ့အကြောင်းပါ။
တခါမှမတွေ့ဘူးသေးတဲ့ mysteryzillion ကလူတွေကိုနဲ့လည်း ဆုံရတွေ့ရတယ်။ ဓါတ်ပုံတွေရိုက်ရတယ်။
နောက် 969 ကမောင်လေးနှစ်ယောက်ဆီက စက္ကူအရုပ်လေးရခဲ့တယ်။ (အင်း လုခဲ့တယ် ဆိုပိုမှန်မလား။) ဒီနေ့အတွက်တော့ အဲဒါအပျော်ဆုံးပဲ။ မနက်ပွဲစကတည်းက အဲဒီအရုပ်ကလေးကို သဘောကျနေတာလေ။ တောင်းရမှာအားနာလို့။ နောက်ဆုံးတော့ လက်ကမချတာနဲ့ ပေးလိုက်ကြတာဖြစ်မှာပါ။ ဘာဖြစ်ဖြစ် သိပ်ဝမ်းသာပါတယ်။ (thz nanda and maung kha)
နောက်မယမင်းနဲ့ လမ်းတွေလျှောက်လိုက်ကြတာ Christmas Walking ပါပဲ။ မှတ်မှတ်ရရ ပေါ့။
www.zawzaw.com
3 years ago
2 comments:
သြော် ဒီဘလော့ကို ဖတ်ဖတ်နေတာကြာဘီဗျ။ MZ ကဘော်ဒါမှန်းတကယ် မသိခဲ့ဘူး။ ဝမ်းသာပါတယ်ဗျာ။ ပုံတွေတော့ ကြည့်ခဲ့ပြီဗျ။
ဟီး တကယ်ပျော်စရာကောင်းတယ်ဗျား နောက်နေ့ကျမှ အေးဆေးတွေ့ရတာပေါ့ဗျား
ဟီး
ကိုဒီဘီအေ ကလည်း အခုမှသိတာလား ပုံတောင်တင်ထားသေးတယ်လေဗျား
Post a Comment