July 04, 2008

ငြိတွယ်ခြင်း

ယုံချင်ယုံ မယုံချင်ရင်လည်း ပုံပြင်မှတ်ပါ။
ခပ်တုံးတုံးကောင်မလေးတစ်ယောက်နဲ့ ဓါးတစ်လက်အကြောင်း။ ဆက်ဖတ်မယ်ဆိုရင်တော့ အဖြေတစ်ခုကို ရွေးပေးရလိမ့်မယ်။

တခါတုန်းက ငတုံးမလေးတစ်ယောက်က မထင်မှတ်ဘဲတွေ့တဲ့ဓါးတစ်ချောင်းကို မရည်ရွယ်ဘဲ နှလုံးသားတည့်တည့်မှာ သိမ်းထားမိတယ်။ အဲဒီဓါးက တနေ့တခြား သူ့ နှလုံးသားထဲ နစ် နစ် လာတယ်။ တနေ့ထက်တနေ့ ဒဏ်ရာကြီးလာတာနဲ့အမျှ အဲဒီဒဏ်ရာကို တွယ်ငြိတဲ့စိတ်လည်း တနေ့တခြား အမှတ်မထင်ကြီးကြီးလာတယ်။

ဒီဓါးကိုပြန်ဆွဲထုတ်မယ်ဆိုရင် သွေးစိမ်းရှင်ရှင်ထွက်လိမ့်မယ်။ ဒဏ်ရာရမယ်။ ဒါပေမယ့် တချိန်ရောက်ရင်တော့ အဲဒီဒဏ်ရာကျက်လိမ့်မယ်။ အမာရွတ်တော့ ကျန်ကောင်းကျန်နိုင်မှာပေါ့။ ဒဏ်ရာကျက်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက်ယူရမယ်ဆိုတာတော့ ဓါးကှိုဆွဲထုတ်ပြီးမှ တွက်ချက်နိုင်မယ်။ ကံကောင်းရင် နှစ်အနည်းငယ်ပေါ့။ ကံနည်းနည်းဆိုးရင်တော့ အသက်ရှုသရွေ့ အနာရင်းနေဦးမှာပဲ။ ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆွဲထုတ်ပြီးပြီးချင်းမှာလည်း ဟာတာတာခံစားမှုက ဆိုးရွားနိုင်တယ်။

အဲဒီဓါးကို ပြန်မထုတ်ဘူး။ ဒီအတိုင်းထားထားမယ်ဆိုပါတော့။ ဘယ်ဘက်ရင်ဘတ်က အမြဲတမ်းအောင့်လိမ့်မယ်။ တချို့သောအခိုက်အတန့်တွေမှာ အသက်ရှုမရလောက်အောင်ဖြစ်လိမ့်မယ်။ ဓါးကြောင့်ရတဲ့ နာကျင်မှုအပြင် နောက်ထပ်လည်း ဘယ်ခံစားမှုကိုမှ ခံစားလို့ရမှာမဟုတ်ဘူး။ အသက်ရှင်သရွေ့ ရှိမယ့်ဒဏ်ရာပေါ့။

ကဲ.. ဒီဓါးကိုဆွဲထုတ်သင့်သလား။ ဒီအတိုင်းထားသင့်သလား။ နှစ်လမ်းပဲရှိတာနော့။ တစ်လမ်းတော့ရွေးပေးရလိမ့်မယ်။

5 comments:

စိုးထက် - Soe Htet ! said...

နှုတ်ပစ်လိုက် ... အန္တရယ် ကို လွယ် မထားနဲ့ :D

zeRoTraSh said...

လောကကြီးမှာ မေ့မရဘူးဆိုတာ ဘာမှ မရှိဘူး
အချိန်တန်ရင် မေ့သွားကြတယ်
နည်းနည်းတော့ အချိန်ယူတဲ့ ပုံစံကွာရင်ကွာမယ်
ထပ်ပြောပြမယ် ကိုယ့်အတွက်အန္တရာယ်ရှိတယ် မရှိဘူးဆိုတာ ကိုယ်ပဲသိတာလေ
တခါတခါ အဲဒီ့ဓါးကြောင့် ဘဝဆိုတာ ပျော်စရာလို့ ထင်ရင် တဆုံးသာ ထိုးသွင်းလိုက်
ကိုယ်တိုင်ခံယူချက်နဲ့ဆိုင်တယ် ဆွဲနှုတ်ပြီးမှ သေသွားတဲ့သူ အများကြီး :D
လောကမှာ လူဆိုတာ ကိုယ့်ဘာသာ အချစ်ဆုံးပဲလေ ကိုယ့်ဘာသာ ပြန်မေးကြည့်
သေချာတဲ့ဟာလုပ် ဟုတ်ပြီလား :D

khin oo may said...

ဒါး ကို ဆွဲမထုက်ချင်ဘူး မဟုတ်လား သိနေတယ် လေ ငှဲငှဲ

Anonymous said...

မြှောက်ပေးတာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ကျေှးဇူးတင်ပါတယ်။ ဒါပေမယ့် ပုံပြင်နော်။ ပုံပြင်။ ဟဲ ဟဲ

Anonymous said...

koh har ko thein htar tae` darr pe`. koh har ko decide pot. :) bayy ka advice lo loh larr.