July 01, 2008

Birthday

မနေ့(30.6.08)က ရုံးမှာ June Born တွေအတွက် Birthday Party ဆိုပြီး လုပ်ပေးတယ်။ ကျွန်မအပါအ၀င် (၆)ယောက်၊ လက်တ၀ါးစာလောက် ကိတ်မုန့်လေး စားရပါတယ်။ မွေးနေ့ရှင် (၆)ယောက်တည်းပဲ စားရတာနော်။ MD တွေတောင်မပါဘူး။ :D ဒါကြောင့် ရန်တိုက်ပေးသလိုပဲရှင်။ အားလုံးလည်းပြီးရော၊ ဟိုလူက "စိတ်ဓါတ်လေးသိရတာပေါ့။" ဒီလူက "နင်ကဒီလိုလား"နဲ့။ အဖြစ်ကဒီလိုလေ။ လက်တ၀ါးစာ ကိတ်မုန့်လေးကို လိုက်ခွံ့တော့ လူဘယ်စေ့တော့မလဲ။ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ အကူးမှာကို target မရောက်ခင် မုန့်က ကုန်ပြီ။ ကဲ..
ဘာဖြစ်ဖြစ်ပါ။ ပထမဆုံး ကိတ်လှီးဖူးတာပေါ့။ ဟဲဟဲ။ မွေးနေ့တုန်းကတော့ ကျွေးရမှာစိုးတာနဲ့ တိတ်တိတ်လေး အကျော်ခံခဲ့တာ လကုန်ကာမှ ပေါ်တော့တာပဲလေ။
အင်း ဘာလိုလိုနဲ့ 23 နှစ်ပြည့်ပြန်ပြီ။ မွေးနေ့မှာ တင်ဖို့ဆိုပြီး၊ Post တစ်ခုတော့ ရေးဖြစ်တယ်။ ဒါမဲ့ အိမ်ထဲဝင်လို့မရဖြစ်နေတာနဲ့ပဲ မတင်လိုက်ရဘူး။ ဘုရားတော့ တက်ဖြစ်လိုက်သေးတယ်။ ထူးထူးခြားခြားတော့ ဘာမှမလုပ်ဖြစ်ဘူး။ အဲ မနက်ခင်း သင်တန်းမှာတော့ အရင်ဆုံး စာအမေးခံခဲ့ရတယ်။ အဲဒီနေ့က June 18ပါ။

3 comments:

စိုးထက် - Soe Htet ! said...

Hey !!!!!! :P

ဇွန် ၁၈ မွေးရက် တူလို့ ... လာ အဖေါ်စပ်တာ ... ဒါပေမယ့် ကျွန်တော် က ၃၄ ပြည့်တာ ... ၁၁ နှစ်ပဲ ကွာတယ် ... :)

Anonymous said...

har... ma hote tayy par wu.. bar loh Date yaw..Age yaw tu nay dar lel..hmm..a phit a pyat par lar tu nay del...ma tu dar so loh..office mhar ..Birthday shin ka 5 yout..kya naw a par a win pot...

Prizewai said...

anonymous ရေ။
ဒါဆိုရင်လည်း နာမည်လေးတော့ ပြောခဲ့ဦးမှပေါ့။
အဲလို တူတာမျိုးရှာနေတာကြာပြီ။
နာမည်လေးတော့ ပြောခဲ့ပါ။