February 11, 2009

အရိုး - လူလည်အာရှသား

ကျွန်မမျှော်လင့်နေတဲ့ တေးရေး၊ တေးဆို အရိုးရဲ့ လူလည်အာရှသား
ဆိုတဲ့စီးရီးသစ်ထွက်ရှိလာခဲ့ပါပြီ။ သီချင်း(၁၃)ပုဒ်ပါဝင်ပါတယ်။ အရိုးရဲ့
ပုံစံသီချင်းတွေချည်းပါပဲ။ ကျွန်မတို့လို အရိုးသီချင်းမှန်သမျှ
ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စေမယ့် စီးရီးလေးပါပဲ။
ပါဝင်တဲ့သီချင်းတွေကတော့ ..
၁။ နေသာလေသာတဲ့နေ့
၂။ ဥ
၃။ လူလည်အာရှသား
၎။ ကန်တင်းထဲကကွင်း
၅။ ရုပ်ရှင်ကြည့်တဲ့ည
၆။ လေတိုက်တဲ့ညတွေ
၇။ Graduation day
၈။ အမဲကင်ကျပ်တိုက်ကြော်
၉။ ဒါရိုက်တာ
၁၀။ ကံဆိုသည်မှာ
၁၁။ ရော့ခ် အန် ရိုးလ်
၁၂။ တစ်စက္ကန့်မှာတစုံတရာ
၁၃။ နောက်ဆုံးမှာတော့

နေသာလေသာတဲ့နေ့ ကတော့ တော်တော်ကြာကြာကတည်းက အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့
ဝေါ်အိုက်နီ သီချင်းပါပဲ။

ဥ ဆိုတာကတော့ ဟာသဆန်ဆန်သီချင်းလေးပါပဲ။ ဟိုဘက်အိမ်၊ ဒီဘက်အိမ်
ကြက်ဥလုရာကနေ စပါးကျီမီးရှို့တဲ့အထိ ဖြစ်ရတဲ့အကြောင်းရေးထားတာပါ။
/* နေတက်လေတက်မွေးတဲ့ကျုပ် စိတ်ထားကခပ်ပုပ်ပုပ်။ ……………………။
ကျုပ်တရွာလုံးက ၀ိုင်းညှိမ်းရ ကျုပ်ရှို့တဲ့မီးခင်ဗျ ကြက်ဥတလုံးက စတဲ့အစ
နှစ်အိမ်တောင် ပြာဖြစ်ကျ သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုက ရှုပ်မဲ့မဲ့
နောက်တခါ ကြက်တွေမဥအောင် လုပ်ထားကွဲ့။*/

စီးရီးခေါင်းစဉ် လူလည်အာရှသားကတော့ နိုင်ငံခြားသွားပြီး
အလုပ်လုပ်တဲ့ရွှေတစ်ယောက်အကြောင်းပေါ့။ သံစဉ်ငြိမ့်ငြိမ့်လေးနဲ့
အလည်လောက်မှာ လေချွန်သံလေးပါပါတယ်။
/* မဟာလူတန်းစားအိမ်မက်များ အိမ်ပြန်အခန်းပိတ် ကြိတ်ငိုရ
အာရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား */

ကန်တင်းထဲကကွင်းကတော့ ကျောင်းထဲကကွင်းတစ်ယောက်စီရဲ့ စရိုက်ကို
သူ့မေဂျာအလိုက် ပုံဖော်သွားတာ တော်တော်သဘောကျမိပါတယ်။
/* Acid အလှမယ် chemistry ရဲ့queen ဗျ။ အနားသွားကပ်တဲ့
သုံးလေးငါးယောက်ကြုံဖူးတာ လက်တွေ့ခန်းခေါ်ပြီး Acid ပုလင်းနဲ့ ဆော်တယ်ဗျ။
……………………
ရိုးရိုးလေးနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ပါ။ ဟိုးရှေ့နားက
မြန်မာစာမေဂျာ ကွင်းဗျာ။ မင်းရည်းစားစာပေးတိုင်း မင်းအတွက်ပြန်ရေးမှာ
မင်းဖတ်ရမှာက ဟိုးရှေးခေတ်က ကျိန်စာတွေလား*/

ရုပ်ရှင်ကြည့်တဲ့ည ကတော့ သရဲကားကြည့်ရင်းမီးပျက်သွားတဲ့ညတစ်ညအကြောင်းပါ။
/* ခွေးတစ်ကောင်အူသံကို အခါခါသဲ့သဲ့ကြား အဖြူရောင်အရေခွံအောက်က
လက်ချောင်းများ အခန်းနံရံပေါ်မှာ ငွေရောင်အသားလှီးဓါး ခြေတလှမ်းရွေ့ချိန်
မျက်လုံးတဖက်ထွက်ကျသွား */

လေတိုက်တဲ့ညတွေကတော့ ဒီစီးရီးစ်ထဲက တစ်ပုဒ်တည်းသော အချစ်သီချင်းလို့ ပြောရမလားပဲ။
/* တိမ်တွေပျံသွားပေမယ့် ငါကျန်ခဲ့ပြီ။ အချိန်တွေပျံသွားပေမယ့်
ငါကျန်နေခဲ့။ ရင်မှာနာကျည်းနေရင့်း ငါကြေကွဲခဲ့။ */

နောက်တစ်ပုဒ်ကတော့ ဘွဲ့ယူတဲ့နေ့ရဲ့ခံစားမှုလေးပေါ့။
ကျောင်းတုန်းကနေ့ရက်တွေကို နည်းနည်းတော့ ပြန်လွမ်းသွားမိမှာပါ်။
/* ငြိမ်သက်နေတဲ့ကျောင်းတော်နဲ့ တို့လမ်းခွဲ။ အကုန်မြှုပ်နှံခဲ့
တို့တွေရဲ့ကောင်းသောနေ့ရက်။ လူသစ်တွေနဲ့ နေခဲ့တော့ ကိုယ့်လူရေ။ */

အမဲကင်ကျပ်တိုက်ကြော်ကတော့ ဟင်းချက်နည်းစာအုပ်ဖတ်ပြီး ဟင်းချက်တဲ့အကြောင်းပေါ့။
/* တစ်အိုးလုံးတူးပြီဟေ့။ မည်းရင် အမဲသားပဲ။ */

ဒါရိုက်တာကတော့ အရင် အဲလက်စ်ဆိုထားတဲ့ ဒါရိုက်တာ သီချင်းပါပဲ။

ကံဆိုသည်မှာ ကလည်း ဆိုးတလှည့် ကောင်းတလှည့် လူ့ဘ၀အကြောင်းကို
ဟာသလေးစွက်ပြီးရေးထားတာပါ။
/* လူဆိုတာ အမြဲကံမဆိုးနိုင်ဘူး။ ကံ အမြဲလည်း ကောင်းမနေဘူး။
အသက်တဖြည်းဖြည်းကြီးလာ တဖြည်းဖြည်းပိုပြီးသိ။ */

ရော့ခ် အန် ရိုးလ်သီချင်းကတော့ ရပ်ကွက်ထဲက ဆွမ်းချက်ရုံမှာ
သီချင်းအော်ဆိုနေတဲ့ လူငယ်တစ်စုပုံစံ ရေးထားတာပါ။ ဒီတစ်ပုဒ်တော့
သိပ်မကြိုက်လှဘူး။
/* အစာမကြေ ချောင်းဆိုး လေးဖက်နာ ပျောက်တဲ့ ရော့ခ် အန် ရိုးလ်။ */

တစ်စက္ကန့်မှာတစုံတရာ ကလည်း မုန်းတဲ့၊ ချစ်တဲ့၊ ကျေးဇူးရှိတဲ့ လူတွေအကြောင်းပါပဲ။
/* ဘ၀မှာ ဒေါသကြီးလို့ တန်ဖိုးမရှိ။ ……… ဘ၀မှာကျေးဇူးတရားက တန်ဖိုးရှိ။ ………….*/

နောက်ဆုံးမှာတော့ ကတော့ သေခြင်းတရားအကြောင်းရေးထားတဲ့ သံဝေဂ သီချင်းလေးပါပဲ။
/* မင်းစိတ် မင်းရုပ် မင်းခန္ဓာက အခေါင်းတခုစာ။ မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပါ။ */

အရိုးသီချင်းတွေက များသောအားဖြင့် တပုဒ်လုံးနားထောင်မှ
ဇာတ်ရည်လည်တာများပါတယ်။ ဒီစီးရီးစ်ထဲမှာ အကြိုက်ဆုံးကတော့
လူလည်အာရှသားနဲ့ ကန်တင်းထဲကကွင်း ပါ။ ကဲ အဆင်ပြေရင်
နားထောင်ကြည့်ကြပါဦး။

13 comments:

MrDBA said...

ဒေါင်းလုဒ်လုပ်စရာလေး မပေးဘူးလား ဟိုလိုဒီလိုလေး

TC said...

ဟိုနေ့က အဖြစ်လေးကို ရေးစမ်းပါ... ရယ်ရအောင်

khin oo may said...

ပြောပါဦး.နားထောင်နေတယ်။

Anonymous said...

တိုကြီးကလည်းခက်လို့ http://mp3.mmblogs.net/2009/02/09/ah-yoo-lu-lal-arr-sha-thar/ အဲကနေဒေါင်းလိုက် :)

Anonymous said...

အင်း
နားထောင်ပြီးပြီ လိုချင်ရင်ငုဝါဆီမှာတောင်း

Ngu Wah said...

မေ့လို့ ငုဝါ mail nguwahwin@gmail.com

TC said...

Inject Me !!! ဆိုတာ ကျွန်ုပ်ပဲနော်....

Anonymous said...

အရိုး သီချင်းစာသားတွေ Search လုပ်တာ Google နေတွေ့လို့ ဒီနာမည်သိသလိုပဲဆိုပြီးဝင်လာတာ။ အညွှန်းပဲပေးတယ်။ အစအဆုံးလဲ ရေးမပေးဘူး။ :P

ကိုလူထွေး said...

ဒီနေ့ ပဲ အမရာက ညွှန်းလို့  နားထောင်ကြည့်တာ

ကြိုက်သွားတယ်..
ဒါရိုက်တာရယ်...
အမဲနှပ်ရယ်...
ရော့အင်ရိုးရယ်... ရီရတယ်

ဥ ကလဲ ပုံပြင်ကလေးလို ရေးထားတာ ကောင်းတယ်

Anonymous said...

အရိုးရေးတဲ့သီချင်းတွေအရမ်းကြိုက်ပါတယ်

Unknown said...

ဘယ်လိုဒေါင်းရမလဲ

Unknown said...

ဘယ်လိုဒေါင်းရမလဲ

Unknown said...

ဘယ်လိုဒေါင်းရမလဲ