February 06, 2009

အတ္တ

အသုံးချဖို့ တခုတည်းနဲ့တော့ လက်မကမ်းပါနဲ့
ဆန္ဒရှိရင် သူ့အလိုလို အသုံးကျလာလိမ့်မယ်။

အာရုံမလာပဲနဲ့ သွားဖြဲမပြပါနဲ့
ရင်ထဲကလာရင် အကြည့်တချက်မှာတောင် အားအင်ပါလိမ့်မယ်။

ကိုယ့်ဘာသာ ထိုးတဲ့ဓါးနဲ့
အထိုးခံရတဲ့ဓါး
နာမှာချင်းတူရင်တောင်
ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲ အနာခံတော့မပေါ့။

နင်းသွားမှာနဲ့
အနင်းခံတာ
နိမ့်ကျမှာချင်းတူဦးတော့
ကိုယ့်ခံစားမှုနဲ့ကိုယ်သာ လှေခါးထစ်အဖြစ်ခံမပေါ့။

ကဲ
အသက်ရှူပဲကျပ်ကျပ်
အသက်ရှူပဲရပ်ရပ်
ငါ့အိမ်မက်နဲ့ငါတော့ နေပျော်တယ်။

4 comments:

khin oo may said...

သူချစ်နေတာ သေချာပါပြီ

Anonymous said...

တကယ်ပါ ငါလေ ရူးတယ်လို့ထင်ခဲ့တယ်
မင်းမှန်တယ်

Anonymous said...

who is anonymous?

Anonymous said...

ငါကတော့ ချစ်တာတခုပဲသိတယ် ဘယ်လိုလုပ်ရမလဲ