ကျွန်မအပြစ်ပါပဲ။
ကျွန်မရဲ့computer အစုတ်ကလေးထဲမှာ 2002 လောက်ကတည်းက စုလာဆောင်းလာတဲ့ data တွေတော်တော်များနေပါပြီ။ 160GB ကို windowတင်ထားတဲ့ C က 60GB နဲ့ data ထည့်ထားတဲ့ D က 100GB ထားထားပါတယ်။ အများဆုံးသိမ်းထားတာကတော့ mp3သီချင်းတွေရယ် (မြန်မာသီချင်းတော်တော်စုံစုံလင်လင်စုထားတာပါ။ တော်တော်လည်း စုံနေပါပြီ။ သေသေချာချာ သပ်သပ်ရပ်ရပ် folder လေးတွေခွဲပြီး စုထားတာ။) EBookတွေရယ် (ITစာအုပ်တွေရော၊ တခြားရသစာအုပ်၊ အစုံအလင်ပါပဲ။ ရသမျှသိမ်းထားတာ။)။ နောက်ကျွန်မရေးထားသမျှစာတွေ(သူများကိုပြဖူးတာရော။ ဘယ်သူမှမပြရသေးတာရော)။ နောက် ကျွန်မလုပ်ထားတဲ့ portfolio တွေပေါ့။ နောက်ကျွန်မတို့မောင်နှမသုံးယောက်လုံး စုထားတဲ့ software ပေါင်းစုံ။ တော်တော်များများ မျိုချထားရှာတဲ့ hard disk လေးခမျာ ဒီမနက်ပဲ ကြွသွားရှာပါတော့တယ်။
ကျွန်မတို့ အပြစ်က CD, DVD တို့နဲ့ ဘာ backup မှမထားထားတာပါပဲ။ ခုတော့ ရင်ကွဲရောပဲ။ ခံပေါ့။
ကျွန်မနှမြောဆုံးကတော့ ebook တွေပဲ။ သူ့စာရေးဆရာနဲ့သူ သေချာခွဲထားတာ။ ပြန်ရှာရင် ရနိုင်ပေမယ့် အချိန်အများကြီး တဖြည်းဖြည်းစုထားရတာလေ။
တော်ပါပြီ။ ဆက်ရေးဖို့တောင် အားမရှိဘူး။ နှမြောလွန်းလို့။ :D
March 08, 2009
နှမြောတသခြင်း
Posted by Prizewai at 12:20 PM
Subscribe to:
Post Comments (Atom)
2 comments:
ဖြစ်ရလေ. ..သိရဲ့သားနဲ့။ဖြစ်နိုင်တယ်ဆိုတာကို..။နှမျောလိုက်တာ။
နှမျောတယ်ဆိုပြီး ရယ်နေလိုက်တာဗျာ.. ဘယ့်နှယ့်တုန်း.. မချိပြုံးလား မချိသွားဖြဲခေါ်လား..
Post a Comment