March 11, 2009

သူမ နှင့် ကျွန်တော်

တောက်ခနဲ ကိုယ်စောင့်နတ်နဲ့ရန်ဖြစ်ရင်း
ကောက်ခနဲ သူမရဲ့ အိမ်မက်တွေနောက် လိုက်မိခြင်းကစ ...

သူမရဲ့ ဖျတ်ခနဲ အကြည့်တချက်
ကျွန်တော် လေထဲ မြောက်ခနဲ လွင့်သည်။

သူမပါးပြင်ထက်က သနပ်ခါးအချို့ ဖြုတ်ခနဲ အကျ
ကျွန်တော့်ရင်ထဲ အလွမ်းတချို့ သုတ်ခနဲ ဖြတ်ပြေးသည်။

သူမရဲ့ ဆံပင်အုပ်အုပ် ၀ဲခနဲ အခါ
ကျွန်တော့်မျက်ဝန်းထဲ ကြယ်တသုတ် သဲခနဲ ကြွေသည်။

သူမရဲ့ အတွေးတချို့ လက်ခနဲ အပွင့်
ကျွန်တော့်ရဲ့ အာရုံကို လှိုက်ခနဲ ခိုးသည်။

သေချာပါသည် တနေ့ ...
ကျွန်တော့်ရဲ့ ရင်ခုန်သံအချို့ လွင့်ခနဲ အထွက်
သူမကတော့ ဟက်ခနဲ ရယ်ပါလိမ့်မည်။

4 comments:

Anonymous said...

ကဗျာက တယ်ဟုတ်ပါလားရှင့်

Mr.Guiter said...

ဒီကဗျာလေးကြိုက်တယ်ဟာ

Anonymous said...

ဟေး တော်တော်လေးပျောက်နေပါလား ဒါဘဲဖတ်နေရတာကြာပြီ

Anonymous said...

ဟေး တော်တော်လေးပျောက်နေပါလား ဒါဘဲဖတ်နေရတာကြာပြီ