ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ငွေဆောင်မှာရောက်နေခဲ့တယ်။ ပြန်ရောက်လာတော့ အလုပ်ရော၊ သင်တန်းရော၊ လူမှုရေးတွေပါ ပိနေတဲ့အပြင် အလွန်တရာ သောင်းကျန်းခဲ့တဲ့ အရှိန်နဲ့ ကိုယ်ကိုယ်တိုင်က ခုထိ အိပ်ရေးမ၀သေးပါ။ စာရေးချင်ပေမယ့် မရေးနိုင်ဘူး ဖြစ်ဖြစ်နေတယ်။ အိပ်ပျော်ပျော်သွားလို့။
စိတ်ထဲမှာ ရေးစရာစာတွေ၊ ပေါ်လာနေတဲ့ ကဗျာအပိုင်းအစတွေရှိနေပေမယ့် ချမရေးဖြစ်ဘူး။ လွင့်သွားတော့မှာပဲ။
လောလောဆယ် လုပ်ဖြစ်နေတာက ---
သီချင်းကတော့ လူလည်အာရှသားကို ရေရေလည်လည် နားထောင်နေတယ်။ (အဲဒီထဲက သီချင်းတွေဆိုပြီး ကတောင်ကခဲ့သေးတယ် ငွေဆောင်မှာ အဟက် အဟက်)
ဝေမှူးသွင်ရဲ့ အသဲကွဲလူရွှင်တော် ဖတ်နေတယ်။ အဟောင်းပါ။ (တနေ့ ၅ရွက်နှုန်းနဲ့)
ကျန်တာတော့ အလုပ်သွားတယ်။ အိပ်တယ်။ အိပ်တယ်။
ကဲ ... နောက်မှပဲ။
www.zawzaw.com
3 years ago
2 comments:
ဓါတ်ပုံလေး ဘာလေး ထည့်တာမဟုတ်ဘူး။ အပြောနဲ့ လွမ်းအေင် လုပ်သွားတယ်။
အေးအေး ဆေးဆေးအနားယူလိုက်ဦးဗျ :)
Post a Comment