နေ့တိုင်းမနက်(၄)နာရီခွဲမှာ ရေအချိုးကောင်းလို့ လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကစ အဆုတ်အအေးပတ်လို့ ချောင်းတဟွပ်ဟွပ်ဖြစ်ခဲ့ရပါတယ်။ 2008 New Year Night ကိုလည်း ချောင်းဆိုးရင်းနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ စိတ်ကသိကအောက်အဖြစ်ရဆုံး ဝေဒနာတွေထဲမှာ ချောင်းဆိုးတာနဲ့ နှာစေးတာကထိပ်ဆုံးကပဲ။ စာသင်နေရင်လည်း သူများကိုအားနာရ၊ ကားစီးရင်လည်းဘေးလူကိုအားနာရ၊ အပြင်ကလည်းမထွက်လို့မရ။ တော်တော်ကသိကအောက်ပါ။ နောက် သိကြတဲ့အတိုင်း ချောင်းဆိုးပျောက်အောင်သောက်ရတဲ့ဆေးတွေက အိပ်အောင်လုပ်ထားတာချည်းပဲ။
ချောင်းဆိုးရလွန်းလို့ ပင်ပန်းတာရော၊ ဆေးသောက်ပြီး မအိပ်ရလို့ လူနုန်းတာရော၊ ပေါင်းပြီး ခေါင်းတွေက လုံးဝမကြည်တော့ပါဘူး။ ညဘက် အိမ်ပြန်ရောက်ရင် စားသောက်အ၀တ်အစားလဲပြီး၊ စာရေးမယ်၊ စာကျက်မယ်ဆိုတာနဲ့ ဘယ်လိုမှမခံနိုင်တော့ဘူး။ အိပ်တာပဲ။ ဒါနဲ့ပဲ စာမကျက်ဖြစ်လို့ စာကြွေးတွေ များလာတယ်။ Blog အတွက်လည်း အသစ်တွေဘာမှမတင်ဖြစ်ဘူး။ လာလည်ကြတဲ့ သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အတင်းခေါ်လို့လာရတဲ့သူတွေကော၊ ဟိုလိုလို ဒီလိုလိုနဲ့ရောက်လာတဲ့သူတွေရော ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်မ Blogကိုလာတဲ့သူတွေက ကျွန်မနဲ့ရင်းနှီးတဲ့သူတွေချည်းပါပဲ။ တခါတလေ ကျွန်မကြိုက်တဲ့ Blog တွေဆီသွားရင်း အဲဒီက Blogger တွေက ကျွန်မဆီပြန်လာလည်တာတွေ့ရရင်လည်း ၀မ်းသာရတာပေါ့။ ကျွန်မတင်တဲ့ Post တွေအတွက်လည်း Comment (၂)ခုပဲရဖူးပါတယ်။ Comment ပေးသွားရလောက်အောင်လည်း မထိုက်တန်သေးပါဘူး။
ပြီးခဲ့တဲ့ Dec ကကျွန်မတင်ထားတဲ့ စောဝေရဲ့ "သိမ်းမယ်" ဆိုတဲ့ ကဗျာလေးကို ကိုညီလင်းဆက်က သူ့Blog မှာတင်ပေးထားတာတွေ့ရတော့ အရမ်းဝမ်းသာပါတယ်။ နောက် ကိုညီလင်းဆက်Blog ကနေ link ရပြီး၊ "သိမ်းမယ်" ကိုကြိုက်တယ်လို့ပြောတဲ့အပြင် ကျွန်မရဲ့ Love and Dream ကို link လုပ်ထားပေးတဲ့ ကိုမျက်လုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ Love and Dream ဆိုတဲ့ အိမ်မက်လေးကို ရေးလိုက်၊ ရေးထားတဲ့ notepad ကိုနမော်နမဲ့နဲ့ Delete လုပ်မိလိုက်နဲ့။ သုံးခါတိတိပြန်ရေးရတဲ့ post ပါ။
ဟိုလိုလို ဒီလိုလိုက ကျွန်မရေးချင် ပြောချင်တာကို ကျွန်မရဲ့စိတ်အာဟာရအတွက် ကိုယ့်ဘာသာ ဟိုလိုလိုဒီလိုလိုနဲ့ ရေးထားတာပါ။ ဗဟုသုတ၊ နည်းပညာ၊ ဘာမှပါမယ်မထင်ပါဘူး။ ဒီတော့ အချိန်ပေးပြီး ဖတ်တဲ့သူရှိရင်ပဲ ကျေနပ်ပါတယ်။
ကဲ.. ဘာပဲဖြစ်ဖြစ် 2008 မှာ ကျွန်မရဲ့ ဟိုလိုလိုဒီလိုလိုလေးကို လူလားမြောက်လာအောင် ကြိုးစားပါဦးမယ်။ ။

No comments:
Post a Comment