April 01, 2008

ဗလာ

တရွေ့ရွေ့ စီးဆင်းသွားကြ
ဘယ်အရပ်ဆီလဲ
(စူးစမ်းချင်စိတ်ရှိမနေပါ။)

သံစဉ်တစ်ပိုဒ်လား
နားစွင့်ထားရမှာ
(ကြားချင်စိတ်ရှိမနေပါ။)

ဆွတ်ပျံ့ဖွယ်ရနံ့
ခံစားမိရမှာ
(ကြည်နူးချင်စိတ်ရှိမနေပါ။)

တခုခုပဲ
လွမ်းနေဖို့ကောင်းတာ
(သတိရချင်စိတ်ရှိမနေပါ။)

အပိုင်းအစဖြစ်ဖြစ်
ငံ့လင့်နေရမှာ
(မျှော်လင့်ချင်စိတ်ရှိမနေပါ။)

ပန်းတိုင်ဆီဦးမော့
အားတက်နေရမှာ
(ကြိုးစားချင်စိတ်ရှိမနေပါ။)

အကြောင်းတိုက်ဆိုင်တုန်း
ငိုကြွေးနေရမှာ
(အထီးကျန်ချင်စိတ်ရှိမနေပါ။)

No comments: