April 01, 2008

April

အခြောက်သွေ့ဆုံး၊ အပူလောင်ဆုံး၊ လွမ်းစရာအကောင်းဆုံး၊
... ဆုံး များစွာပိုင်ဆိုင်သော
ဒီအချိန်
ငါ့အတွက်တော့ ပန်းတွေအပွင့်ဆုံး။

ထစ်ချုန်းသံမပါတဲ့ ရေစက်များ
အ၀ါရောင်အိမ်မက်များ
ဖြူစင်ချင်ယောင်ဆောင်တတ်တဲ့ မရိုးသားမှုများ
ဒီအချိန် အားလုံးကအသက်ဝင်တယ်။

တူးပို့သံတွေကြား
Water Pollution နဲ့ Drinking Water လိုအပ်ချက်တွေ
ဒီအချိန် ခဏလေးမေ့ထားပါရစေ။

ပွင့်ပွင့်လင်းလင်းရူးခွင့်ရတဲ့ ပထမဆုံးရက်ကအစ
ဘုရားတက်ရမယ့် ရက်တစ်ခုအလယ်
ဒီအချိန် ရက်(30)လုံးလုံး (24)နာရီပြည့်ပါစေ။

ဒီအချိန်
2008က ရေစက်တချို့နဲ့ကြိုတယ်။
နှလုံးသားတိုင်း ငြိမ်းချမ်းပါစေ။

No comments: