You Are a Bad Listener
Let's be honest, what you really get out of conversations is listening to yourself talk.
But listening to other people? Not so much!
And while you may be much more interesting than the people you talk to, it wouldn't hurt to show some interest.
People will stop listening to you once they figure out you're not listening to them
သူငယ်ချင်းတို့်လည်း စမ်းကြည့်ကြပါဦး။ Are You a Good Listener?
July 06, 2008
I am a Bad Listener
Posted by
Prizewai
at
2:47 PM
2
comments
ံMy Independent level
Your Independence Level: Medium
In some aspects of your life, you can be very self reliant.
Making your own informed choices feels great.
But you aren't as independent as you could be.
When things get stressful, you sometimes run away from the hard decisions you need to make.
Posted by
Prizewai
at
2:32 PM
1 comments
July 05, 2008
Birthday Present for me
သူငယ်ချင်းမ
အတိတ်ကာလ
ပြန်ပြောင်းသစ်သော်...
ပျိုရွယ်နုတဲ့
၈တန်းကာလ
ထ.၆ ၀ယ်
စိတ်ချင်းယှဉ်တွဲ
အပြုံးမပျက်
လက်တွဲမြဲခဲ့။ ။
၉တန်း၊ ၁၀တန်း
အထက်တန်းဝယ်
ကိုယ်လျှောက်မည့်လမ်း
ကိုယ်ဖောက်ကြရင်း
ခင်မင်မပျက်
စာတွေကျက်ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။
ရှေးရေစက်ကြောင့်
ဘ၀တက်လမ်း
တဆင့်လှမ်းတဲ့
ကျောင်းတက္ကသိုလ်
IT မြေမှာ
အတူတွဲခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။
မြင်သူချင်ခင်
ဥာဏ်ထက်ထက်နှင့်
မိန်းမ EC
EC မိန်းမ
ခေါ်ခဲ့ကြ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။
ပျော်စရာသတင်း(အတင်း)စကားများကို
သူ၊ငါ အလုအယက်ပြောတဲ့
ဖော်သဟာရောင်းရင်းများနဲ့
တောင်တက်၊ ဂူဝင်
သွားခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။
အားနွဲ့သူကို
ဖေးမကူကာ
အစဉ်သာ
တက်ကြွ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။
ပကာသန
ဂုဏ်ပြိုင်ဖက်မူ
တုံ့ပြန်မှုကင်း
မာနရှင်းတဲ့
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။
ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်စ
ရင်မှာသတိရ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။
ဘ၀လျှောက်လှမ်း
ချောမွေ့ဖို့ရာ
မခွဲချင်ဘဲ
ခွဲခဲ့ရ
(ငါနဲ့)
သူငယ်ချင်းမ။ ။
ရာသီကုန်ဆုံး
နှစ်တွေပြုန်းလည်း
အစဉ်သာတမ်းတ
ရင်မှာလွမ်းရတာ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။
သူမနဲ့ကျွန်မဟာ ၁၉၉၅ ကျွန်မတို့ (၄)တန်းကျောင်းသူဘ၀ကစသိခဲ့ပြီး၊ (၈)တန်းကျောင်းသူဘ၀ကစလို့ တတွဲတွဲမခွဲပဲ ရှိခဲ့တာပါ။ တက္ကသိုလ်တက်တော့လည်း တူတူဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ကျွန်မမျက်လုံးတချက်အကြည့်နဲ့တင် ကျွန်မဘာပြောချင်လဲ ဆိုတာ သိနေတဲ့သူပါ။ တက္ကသိုလ်တက်တဲ့ ကာလတလျှောက် ကျွန်မရဲ့ နာမည်ပြောင် 'ဂျက်လီ' နဲ့တွဲပြီး၊ သူ့ကိုပါ '၀မ်ချင်းပေါင်' လို့ ခေါ်ခဲ့ကြပါတယ်။
သူမကို ၂၀၀၆ အောက်တိုဘာလောက်မှာ ထားခဲ့ပြီး၊ ရန်ကုန်ကို ကျွန်မလာခဲ့လိုက်တာ။ ဒီကြားထဲ နှစ်ခေါက်ပဲပြန်ဖြစ်ပါတယ်။ အရမ်းချစ်ပေမယ့် ဖုန်းအဆက်အသွယ်လည်း မရှိပါဘူး။ စာလည်းအလွန်ရှားပါတယ်။ ဒါပေမယ့် ရင်ထဲမှာအမြဲရှိမှန်း သူမရော ကျွန်မပါ သိပါတယ်။
Posted by
Prizewai
at
5:29 PM
0
comments
July 04, 2008
ငြိတွယ်ခြင်း
ခပ်တုံးတုံးကောင်မလေးတစ်ယောက်နဲ့ ဓါးတစ်လက်အကြောင်း။ ဆက်ဖတ်မယ်ဆိုရင်တော့ အဖြေတစ်ခုကို ရွေးပေးရလိမ့်မယ်။
တခါတုန်းက ငတုံးမလေးတစ်ယောက်က မထင်မှတ်ဘဲတွေ့တဲ့ဓါးတစ်ချောင်းကို မရည်ရွယ်ဘဲ နှလုံးသားတည့်တည့်မှာ သိမ်းထားမိတယ်။ အဲဒီဓါးက တနေ့တခြား သူ့ နှလုံးသားထဲ နစ် နစ် လာတယ်။ တနေ့ထက်တနေ့ ဒဏ်ရာကြီးလာတာနဲ့အမျှ အဲဒီဒဏ်ရာကို တွယ်ငြိတဲ့စိတ်လည်း တနေ့တခြား အမှတ်မထင်ကြီးကြီးလာတယ်။
ဒီဓါးကိုပြန်ဆွဲထုတ်မယ်ဆိုရင် သွေးစိမ်းရှင်ရှင်ထွက်လိမ့်မယ်။ ဒဏ်ရာရမယ်။ ဒါပေမယ့် တချိန်ရောက်ရင်တော့ အဲဒီဒဏ်ရာကျက်လိမ့်မယ်။ အမာရွတ်တော့ ကျန်ကောင်းကျန်နိုင်မှာပေါ့။ ဒဏ်ရာကျက်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက်ယူရမယ်ဆိုတာတော့ ဓါးကှိုဆွဲထုတ်ပြီးမှ တွက်ချက်နိုင်မယ်။ ကံကောင်းရင် နှစ်အနည်းငယ်ပေါ့။ ကံနည်းနည်းဆိုးရင်တော့ အသက်ရှုသရွေ့ အနာရင်းနေဦးမှာပဲ။ ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆွဲထုတ်ပြီးပြီးချင်းမှာလည်း ဟာတာတာခံစားမှုက ဆိုးရွားနိုင်တယ်။
အဲဒီဓါးကို ပြန်မထုတ်ဘူး။ ဒီအတိုင်းထားထားမယ်ဆိုပါတော့။ ဘယ်ဘက်ရင်ဘတ်က အမြဲတမ်းအောင့်လိမ့်မယ်။ တချို့သောအခိုက်အတန့်တွေမှာ အသက်ရှုမရလောက်အောင်ဖြစ်လိမ့်မယ်။ ဓါးကြောင့်ရတဲ့ နာကျင်မှုအပြင် နောက်ထပ်လည်း ဘယ်ခံစားမှုကိုမှ ခံစားလို့ရမှာမဟုတ်ဘူး။ အသက်ရှင်သရွေ့ ရှိမယ့်ဒဏ်ရာပေါ့။
ကဲ.. ဒီဓါးကိုဆွဲထုတ်သင့်သလား။ ဒီအတိုင်းထားသင့်သလား။ နှစ်လမ်းပဲရှိတာနော့။ တစ်လမ်းတော့ရွေးပေးရလိမ့်မယ်။
Posted by
Prizewai
at
5:48 PM
5
comments
Labels: thoughts
ဆုတောင်း
the serenity to
accept the things
I can not change,
courage to change
the things I can,
and wisdom
to know the difference
(Anonymous)
ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူပါ။
ကျွန်ုပ်မပြောင်းလဲနိုင်သောအရာများကို
လက်ခံရန် တည်ငြိမ်အေးဆေးသည့်စိတ်၊
ကျွန်ုပ်ပြောင်းလဲနိုင်သောအရာများကို
ပြောင်းလဲရန် ရဲရင့်သည့်သတ္တိ၊
ထို့ပြင် ထိုနှစ်မျိုး၏ခြားနားမှုကိုသိရန် ဥာဏ်ပညာ
ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူပါ။
(အမည်မသိ)
င်္/* ဂျူး ။ တိမ်နဲ့ချည်တဲ့ကြိုး။ စာမျက်နှာ(219) */
စဖတ်မိကတည်းက သိပ်သဘောကျခဲ့တာ။ ခဏခဏလည်း သတိရမိတတ်တယ်။ စိတ်တွေရှု့ပ်ထွေးလာတဲ့အခါမျိုးမှာပေါ့။ အပြောင်းအလဲကိုကြောက်လို့ ရှောင်ချင်တဲ့ဇောနဲ့ ဒါတော့ ငါလုပ်နိုင်တာမဟုတ်လောက်ဘူး ဆိုပြီး သတ်မှတ်ပစ်တတ်တဲ့အခါမျိုး၊ မဖြစ်နိုင်လောက်တဲ့အရာကို ငါလုပ်မှ ဆိုပြီး စိတ်တပင်တပန်းနဲ့ လုပ်တတ်တဲ့အခါမျိုး။
"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်လာသေးတာပဲ ရှိတယ်။" လို့ပြောတတ်ကြတယ်။ ကျွန်မကတော့ အရာအားလုံးမှာ 'ချွင်းချက်' ရှိတယ်လို့ လက်ခံထားတယ်။ 'မဖြစ်ဘူးဆိုတာမရှိဘူး' မှာလည်း ချွင်းချက်ရှိကိုရှိတယ်။ ဒီတော့ 'မဖြစ်ဘူးဆိုတာလည်းရှိတတ်တယ်' ပေါ့။ အဲဒီမှာလည်း ချွင်းချက်ရှိတော့ 'မဖြစ်နိုင်ဘူးဆိုတာလည်းရှိတတ်တယ်ဆိုတာမရှိဘူး' ပေါ့။ အဲဒီမှာလည်း ........ ကဲ
အဲဒီလိုမျိုး ခံယူထားတော့ ဘယ်တုန်းကမှ ရရမယ် တို့၊ ဖြစ်ရမယ် တို့ မရှိဘူးပါဘူး။ ဒါတောင် တခါတခါ ခံစားရသေးတယ်။ အဆိုးဆုံးက ကိုယ်မတတ်နိုင်တဲ့ ကိစ္စမျိုးတွေမှာပေါ့။ ကိုယ်လုပ်နိုင်ရက်သားနဲ့ မလုပ်တာ၊ ဖြစ်မလာတာတွေက ကိုယ့်အပြစ်လို့ ကိုယ့်ဘာသာအပြစ်တင်လို့ရပေမယ့် ကိုယ်ကြောင့်မဟုတ်၊ ကိုယ်လည်း လုပ်လို့မရတဲ့ကိစ္စမျိုးနဲ့ ကြုံခဲ့ရင် အရင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်ဖို့ လိုတယ်။
နောက်တစ်ခုက ပြောင်းလဲရဲတဲ့သတ္တိ။ ကျွန်မမှာ အလိုအပ်ဆုံးအရာပါ။ ကျွန်မက အပြောင်းအလဲမြန်တယ်ထင်ရပေမယ့် တကယ်လိုအပ်တဲ့နေရာတွေမှာ အပြောင်းအလဲလုပ်ဖို့ သိပ်ကြောက်ပါတယ်။ ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေကို မြင်တတ်ဖို့ အရင်ဆုံး ပြောင်းလဲရဲတဲ့သတ္တိရှိရမယ်။
တခါတလေလည်း ကိုယ်ညံ့တာကို ၀န်မခံချင်လို့ ဒီလိုမျိုး စိတ်ဖြေလိုက်မိတာလား လို့လည်း တွေးမိတတ်တယ်။
Posted by
Prizewai
at
5:31 PM
0
comments
Labels: thoughts
July 01, 2008
Current
ပင်ပန်းတယ်။ ပင်ပန်းတယ်။ ညည်းရင်းနဲ့ ၀ိတ်ကလည်း တက်လာသေးတယ်။ အင်းလေ စိတ်ပိန်တယ်ပဲပြောတာပါ။ လူဝတာ အပြစ်မရှိလောက်ပါဘူး။
ဟိုစာ ဒီစာတွေလည်း မရေးဖြစ်ဘူး။ ပေါက်ကရရေးတာ အကျင့်ကပါတော့ အလုပ်ထဲမှာတောင် စာစီစာကုံးသဘောမျိုးရေးပြီး ထွက်ပြောခိုင်းတုန်းက အကျင့်ပါနေတဲ့အတိုင်း ကွန့်လိုက် ညွန့်လိုက်တဲ့သကာလမှာ ၀ိုင်းပြီး သြဘာပေးလိုက်တာ ဘာစာမှမရေးဖြစ်အောင်ပါပဲ။
ဘာပြောပြော ကြိုးစားပြီးတော့ အိမ်ထဲဝင်ဝင်ပြီး ဖုန်သုတ်ဦးမှပါ။
Posted by
Prizewai
at
5:44 PM
0
comments
Labels: dairy
Birthday
ဘာဖြစ်ဖြစ်ပါ။ ပထမဆုံး ကိတ်လှီးဖူးတာပေါ့။ ဟဲဟဲ။ မွေးနေ့တုန်းကတော့ ကျွေးရမှာစိုးတာနဲ့ တိတ်တိတ်လေး အကျော်ခံခဲ့တာ လကုန်ကာမှ ပေါ်တော့တာပဲလေ။
အင်း ဘာလိုလိုနဲ့ 23 နှစ်ပြည့်ပြန်ပြီ။ မွေးနေ့မှာ တင်ဖို့ဆိုပြီး၊ Post တစ်ခုတော့ ရေးဖြစ်တယ်။ ဒါမဲ့ အိမ်ထဲဝင်လို့မရဖြစ်နေတာနဲ့ပဲ မတင်လိုက်ရဘူး။ ဘုရားတော့ တက်ဖြစ်လိုက်သေးတယ်။ ထူးထူးခြားခြားတော့ ဘာမှမလုပ်ဖြစ်ဘူး။ အဲ မနက်ခင်း သင်တန်းမှာတော့ အရင်ဆုံး စာအမေးခံခဲ့ရတယ်။ အဲဒီနေ့က June 18ပါ။
Posted by
Prizewai
at
5:23 PM
3
comments
Labels: about me
June 14, 2008
စိတ်ရှုပ်တဲ့အခါ
စိတ်ရှုပ်တဲ့အခါ ...
- လမ်းပိုလျှောက်သည်။ (လျှောက်စရာမရှိ ရှာကြံကို လျှောက်သည်။)
- ပိုအိပ်သည်။ (မျက်လုံးက မအိပ်ချင်ရင်တောင် ကြိတ်မှိတ်အိပ်သည်။)
- ပိုတွေးသည်။ (ဟုတ်တာရော။ မဟုတ်တာရော။ ဖြစ်နိုင်တာရော။ မဖြစ်နိုင်တာရော။)
Posted by
Prizewai
at
5:35 PM
0
comments
Labels: idea
June 02, 2008
Current
အသစ်မတင် ဖြစ်တာ တော်တော်ကြာပေါ့။ ဒီအတောအတွင်း ဖြစ်ပျက်တာတွေလည်းများတယ်။ စာတွေရေးဦးမယ်။ စိတ်ထဲမှာတော့ရှိတယ်။ ကြာသပတေးမှာ စာမေးပွဲဖြေရပါမယ်။
ကြိုးစားပါဦးမယ်။
ဘယ်သူမှမလာတဲ့ blog ကိုကိုယ့်ဘာသာပဲ လာပြီး သနားနေတယ်။
Posted by
Prizewai
at
5:18 PM
1 comments
Labels: dairy
ဆားငန်ရေ
မျှော်လင့်ချက်တဲ့
တကယ်တော့
အခါခါသတ်မယ့် ဓါးတစ်ချောင်းပဲ။
ယုံကြည်ချက်တဲ့
အချိန်အခါစောင့်ရင်း
လည်ပင်းကို ကြိုးကွင်းစွပ်ဦးမယ်။
အိမ်မက်တွေ
မက်ရင်း မက်ရင်း
အမှောင်တွေက ဖုံးဖုံးလာတယ်။
အဲဒီဓါး
ထက်သထက် ထက်အောင်
ငါ ကိုယ်တိုင်သွေးတယ်။
အဲဒီကြိုး
ခိုင်သထက် ခိုင်အောင်
ငါ ကိုယ်တိုင်ကျစ်တယ်။
အဲဒီည
နက်သထက် နက်အောင်
ငါ ကိုယ်တိုင်စောင့်တယ်။
ကဲ..
တရားခံတော့ မရှာပါဘူး
ဒဏ်ရာ ဗရပွ ပေမယ့်
မိုက်မိုက်မဲမဲ ယစ်မူးဆဲ။ ။
Posted by
Prizewai
at
5:08 PM
1 comments
Labels: poem