မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။
မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး။
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။
မင်းသုဝဏ်
Posted by Prizewai at 2:07 PM
Labels: ဗိုလ်ချုပ်အောင်ဆန်း
7 comments:
ဆုဝေရေ... ဗိုလ်ချုပ်ဓါတ်ပုံနဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေး အရမ်းကို လိုက်ဖက်ပါတယ်။ ဆုဝေတင်ထားတဲ့ ဗိုလ်ချုပ်ဓါတ်ပုံကို တစ်ခါမှ မမြင်ဖူးပါဘူး။ တခါတည်း ကော်ပီကူးပြီး သိမ်းသွားပါတယ်။ ဗိုလ်ချုပ်ရဲ့ ၀ိညာဉ်က ဘယ်တော့မှ မသေပျောက်မှာ အမှန်ပါပဲ။ လူမသေခင်တည်းက နာမည်သေနေတဲ့ လူစားတွေကြားမှာ လူသေပေမယ့် နာမည်မသေတဲ့ ဗိုလ်ချုပ်လိုလူမျိုးက တစ်ခေတ်မှာ တစ်ယောက်ပါပဲ။
ခင်မင်လျက်
ဆုဝေ
ဆုဝေ? ဆုဝေ? KNPL ကိုစာကူရေးတဲ့ဆုဝေလား?
မမြင်ဘူးသေးတဲ့ပုံပါဘဲ။ ကျေးဇူးတင်တယ်နော်။
နားမလည်တာက ဆုဝေက ဆုဝေကို ဆုတွေဝေသွားတာ .. မျက်စိလည်သွားတယ်။
အင်း
ဟုတ်တယ် ဆုဝေရဲ့ link ကိုတော့သွားကြည့်ဖူးတယ်
ဒါပေမဲ့မမှတ်မိတော့ဘူး
လေးစားပါတယ် ဗိုလ်ချုပ်...။
အခုလိုမျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ..။
အင်း Black Dream ဆိုတော့ အိပ်မက်အမည်းကြီးပေါ့နော် ကြောက်စရာကြီး :P
ဆုဝေက prize wai ကို ဆုတွေ wai သွားတာပါဗျ ကိုဒီဘီကြီးကလဲ ....
Post a Comment