January 22, 2009

hololodilolo

ကျွန်မခုတလော စာတွေလည်းမရေးဖြစ်သလို ဖတ်လည်းမဖတ်ဖြစ်ဘူး။ အပျင်းပိုးလေး ဖြစ်နေတာ။

ဟိုလိုလိုဒီလိုလိုလေးကိုလည်း banner ကအစ ပြန်ပြောင်းမယ် စဉ်းစားထားပေမယ့် ထိကိုမထိဖြစ်ဘူး။ ခုထားထားတဲ့ banner ကလည်း ယာယီဆိုပြီး ထည့်ထားတာ။ ပြီးမှ ပြန်ပြောင်းမယ်ဆိုတာ နှစ်တောင်ပေါက်တော့မယ်။ blogspot ကလည်းဝင်ရတာ လက်ပေါက်ကတ်တယ်။ ခုနောက်ပိုင်းဆို ကိုယ့်ရဲ့ dashboard ထိတောင် မရောက်တောင် တော်တော်ကြာနေပါပြီ။ အားလုံး mail to blogger ပဲလုပ်နေတာ။ တင်ထာတဲ့ စာတွေလည်း alignment တွေ မညီတာ ဒီအတိုင်း ထိုင်ကြည့်နေဖြစ်တယ်။ cbox မှာ နှုတ်ဆက်တဲ့သူ ပိုပို ရှားလာတာ။ visitor count မတက်လာတာတွေကိုတော့ မသိချင်ယောင်ပဲ ဆောင်ထားတော့တယ်။ အရင်က အသားကုန်ဖတ်ဖြစ်တဲ့ blog တွေကိုလည်း google reader လေးအားကိုးနဲ့ပဲ တိတ်တဆိတ် ဖတ်ဖြစ်တော့တယ်။

ကျွန်မက စာရေးချင်လို့ blog ရေးတာပါ။ ခုတော့အဲဒီ sense လေးပါ ပျောက်နေတယ်။ ညဘက်ကျ ကဗျာလေးတပိုင်းတစ စဉ်းစားမိလိုက် ပြန်ပြန်ပျောက်သွားလိုက်နဲ့။ စာတွေမဖတ်ဖြစ်တာလည်း ပါလိမ့်မယ်။ အင်း မအိပ်ခင် စာအုပ်ဖတ်ပြီး အိပ်တဲ့အကျင့်လေး ပြန်လုပ်ဦးမှ။ အိပ်မပျော်မှာကြောက်တာနဲ့ပဲ စာမဖတ်ဖြစ်တာကြာပြီ။ ပြန်လုပ်ဦးမှပါ။

5 comments:

khin oo may said...

နေတတ်သလိုနေပါလေ.. ရေးချင်ရေ.း မရေးချင်နေပေါ့.တာဝန်ကြီးတစ်ခုလို လုပ်နေရမှာ မကောင်းပါဘူး။ ဧည့်သည် အလာနည်းရင်တော့လည်းဝမ်းနည်းတာတော့လည်း အမှန်ဘဲ။
အဆင်ပြေသလိုလှူပ်ရှားပါလေ။ အားပေးနေပါတယ်။

Gipsy said...

တူတူပဲဗျား ကျွန်တော်တောင်မနည်းစာအုပ်ဖတ်နေရတာ အချိန်လုပြီးတော့

su wai said...

စာရေးချင်စိတ်မရှိရင် မရေးနဲ့ ဆုရေ... အဆင်ပြေသလိုသာနေ.. ရေးနိုင်တဲ့သူတွေကို အားကျပေမယ့် မရေးနိုင်တာကို စိတ်ထဲ ထည့်မထားပါနဲ့။ စာဖတ်ဖို့ဆိုတာကလဲ အချိန်ပေးနိုင်ဦးမှ။ ဆုဝေတောင် ဆိုင်မှာလုပ်နေလို့သာ ဘလော့တွေ လည်ဖြစ်နေတာ။ ညပိုင်းတော့ စာအုပ်လေးဘာလေး ဖတ်ဖြစ်တယ်။ ဒါတောင် အရင်လောက် မဖတ်နိုင်ပါဘူး။

Anonymous said...

အင်း ဒီလိုပါပဲ အချိန်အတိုင်းအတာတခုပါပဲ ငါလည်းဖြစ်နေတယ်ဟ

Tweety Coaster said...

ပျင်း.... ပျင်းတယ်ပေါ့....