ခြေရာပျောက်နေတဲ့ တစ်ယောက်ရယ်
တာဝန်မကျေတော့တဲ့ တစ်ယောက်ရယ်
သူတို့ကိုယ်စား
အမေ့မျက်ရည် ကူသုတ်ရင်း
အဖေ့အတွက် တောင်ဝှေးတစ်ချောင်းဖြစ်လာရေးအတွက်
ငါလည်း သမီး လိမ္မာတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာရတယ်။
ငါတို့ရဲ့ မျှော်လင့်ချက်တွေ
ငါတို့ရဲ့ အိမ်မက်တွေ
နောက် အနာဂတ်တချို့
သူနဲ့တူတူ ယူပြီး ....
အနားနားကနေ
ဓါးတုံးတုံးနဲ့ ခပ်ဖြည်းဖြည်းလှီးနေတဲ့
သူတစ်ယောက် ...
ဘာဖြစ်ဖြစ်သူတို့နှစ်ယောက်ဟာ
ငါချစ်တဲ့ သူနှစ်ယောက်ဖြစ်တယ်။
ငါ့ကိုချစ်ခဲ့တဲ့ သူနှစ်ယောက်ဖြစ်တယ်။
သူတို့တွေကြောင့် အရာရာ ပြည့်စုံခဲ့ဖူးတယ်။
သူတို့တွေကြောင့် အငယ်ဆုံး အပီသကြီး ပီသခဲ့ဖူးတယ်။
အမေ့ရဲ့သတိရမှုတွေ
ွအဖေ့ရဲ့ တမ်းတမှုတွေကြား
မသိရိုကျိုးပြုရင်း
ငါလည်း မျှော်မှန်းမသိ မျှော်မိနေတယ်။
October 05, 2008
တခါတုန်းက နေ့များသို့
Subscribe to:
Post Comments (Atom)
6 comments:
အမရေ blogပြန်ရေးတာဝမ်းသာပါတယ်။
ကဗျာလေးကကောင်းပါတယ်။ဒါပေမယ့်...
ဒါပေမယ့်...သမီးလိမ္မာဆိုပဲ...ဟဲဟဲ...ဒီလို
ိုကြားရတာဝမ်းသာတယ်နော်... :P
စိတ်မကောင်းပါဘူး ။ အမြန်ပြန်ရောက် အဆက်အသွယ်ရပါစေလို့။ ဒါပေမဲ. တခါတုံးက ဆိုတော.့ အခု မဟုတ်ဘူးလား။
အမေ့ရဲ့သတိရမှုတွေ
အဖေ့ရဲ့ တမ်းတမှုတွေကြား
မသိရိုကျိုးပြုရင်း
ငါလည်း မျှော်မှန်းမသိ မျှော်နေမိတယ် ။
အရမ်းကောင်းတယ်ဗျာ ။
ကဗျာလေး အရေးချောသားဗျာ။ ကောင်းတယ်ဗျို့။
အစ်မ kom ရေ
တခါတုံးက ကို ပြန်လွမ်းလို့ပါ။ တခါတုံးက ဘ၀မျိုးကို ပြန်လွမ်းတာပါ။
Post a Comment